Wednesday, February 11, 2026
spot_img
spot_img

ပီအက်စ်ဂျီအသင်းကို ရာမို့စ် စွန့်ခွာမည်

အာဂျင်တီးနားဘောလုံးသူရဲကောင်း မက်ဆီကဲ့သို့ပင် စပိန်ဝါရင့်ခံစစ်မှူးရာမို့စ်ကလည်း ပီအက်စ်ဂျီအသင်းကို ရာသီအကုန်တွင် စွန့်ခွာတော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၂ နှစ်က ရီးရဲမက်ဒရစ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသော ရာမို့စ်သည် လာမည်စနေနေ့ ကလီးမောင့်ဖုအသင်းနှင့် ကစားမည့်ပွဲတွင် ပီအက်စ်ဂျီအသင်းအတွက် နောက်ဆုံးပွဲကို ကစားမည်ဖြစ်သည်။

အသက် ၃၇ နှစ်အရွယ်ရှိရာမို့စ်သည် ပီအက်စ်ဂျီအသင်းနှင့်အတူ လီဂူးဝမ်းချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက် ၅၇ ပွဲကစားပြိး ၅ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ပီအက်စ်ဂျီအသင်း၏ ဂျာဆီကို ဝတ်ဆင်ပြီး ၂ နှစ်တာကစားခွင့် ရခဲ့သည်ကို ဝမ်းသာကြောင်း ၎င်းအတွက် မမေ့နိုင်သည့်ခံစားချက်ဖြစ်ကြောင်း ပရိသတ်၏ အားပေးမှုကို မမေ့ပါကြောင်းပြောဆိုလိုက်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments