Monday, February 9, 2026
spot_img
spot_img

ပါတေး ရဲ့လုပ်ရပ် က နည်းပြ အာတီတာ ကို အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်စေလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် ဟာ ဆောက်သမ်တန် နဲ့ ပွဲမှာ Comeback နိုင်ပွဲ ရဖို့ ကြိုးပမ်း နေချိန် ဂန်းနား ကွင်းလယ်လူ သောမက်စ်ပါတေးဟာ မလုပ် သင့်တဲ့ ဂိုးပေါက် ကန်သွင်းမှုမျိုးကို လုပ်ခဲ့တယ်လို့ ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အော်ဒီဂတ် ၊ဆာကာ တို့ရဲ့ သွင်းဂိုးတွေနဲ့ comeback ပြန်လာချိန်မှာ အနိုင် သုံးမှတ် ရရှိစေမယ့် နောက်ထပ် သွင်းဂိုး တစ်ဂိုး ရရှိဖို့ အပြင်းအထန် ကြိုးစား အားထုတ် ခဲ့ပါတယ် ။ အချိန်ပို ၈ မိနစ် ရဲ့ နောက်ဆုံး မိနစ် အပိုင်းအခြားမှာ ပါတေး ဟာ အသင်းဖော်တွေကို ဘောလုံး ပေးပို့မယ့် အစား ဂိုးဧရိယာ အပြင်ဘက်ကနေ ဂိုးပေါက် ကန်သွင်းမှု ပြုလုပ်ခဲ့ပါတယ် ။

ဒါပေမယ့် ပါတေး ရဲ့ ကန်ချက်ဟာ ဂိုးပေါက်တည့်မတ်ခြင်း လုံးဝ မရှိခဲ့ပါဘူး ၊ ပါတေး ရဲ့ ဂိုးပေါက် ကန်သွင်းမှု အပြီးမှာ ကပ္ပတိန် အော်ဒီဂတ် ရဲ့စိတ်ပျက်လက်ပျက် အမူအရာ ကိုလည်း အတိုင်းသားမြင်တွေ့ ခဲ့ရပါတယ် ။ ဂယ်ရီနဗီးလ် ကလည်း ပါတေး ရဲ့လုပ်ရပ် က နည်းပြ အာတီတာ ကို အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်စေမယ့် လုပ်ရပ်မျိုး ဖြစ်တယ်လို့ ဝေဖန် သွားခဲ့ပါတယ် ။

” ပရိသတ်တွေကတောင် ‘ မလုပ်ပါနဲ့ ၊ မကန်ပါနဲ့ ‘ လို့ အော်ဟစ် ခဲ့ကြပါတယ် ။ သူ အဲ့ဒီလို ကန်ဖို့ ရွေးချယ် လိုက်တဲ့ အပေါ် မယုံနိုင်လောက်အောင် ဖြစ်နေခဲ့ကြတာပါ ၊ သူ့လို အတွေ့အကြုံရင့် ကစားသမား တစ်ဦး အနေနဲ့ အဲ့ဒီလို ကန်ဖို့ ဆုံးဖြတ်လိုက်တာက မိုက်ရူးရဲ ဆန်လွန်းပါတယ် ၊ မီခေးလ် အာတီတာ တစ်ယောက် သူ့ကို အကြီးအကျယ်စိတ်ဆိုး ဒေါသထွက်နေမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments