Tuesday, January 20, 2026
spot_img
spot_img

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အာဆင်နယ် အသင်း နေရာ နှစ်ခုကို အင်အားဖြည့်တင်းရလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်း ရဲ့နောက်ခံလူဟောင်း ကာရေဂါ က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် ရာသီ မှာ နောက်တစ်ဆင့်ကို တက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ရာ အတွက် ကစားသမား နှစ်ဦး ခေါ်ယူဖို့ လိုအပ်ကြောင်း အကြံပေး ပြောကြား သွားခဲ့ပါတယ် ။

ကာရေဂါ က‌တော့ အာဆင်နယ် အသင်း ဟာ နွေရာသီမှာ ဘယ်နောက်ခံလူ တစ်ဦး နှင့် ဆာကာ ကို ထောက်ပံ့‌ ပေးဖို့ တောင်ပံ ကစားသမား တစ်ဦး လိုအပ်တယ်လို့ 2024 Women’s Football Award မှာ ပြောကြား လိုက်ပါတယ် ။

” အာဆင်နယ် အသင်းအနေနဲ့ ကစားသမား နှစ်ဦး ခေါ်ယူဖို့ လိုအပ်ပါတယ် ။ သူတို့ ဘယ်နောက်ခံလူ တစ်ဦး နှင့် ထိပ်တန်း တိုက်စစ် ကစားသမား လိုအပ်တယ်လို့ မြင်ပါတယ် ၊ အထောင် တိုက်စစ်မှူး ကတော့ သိပ်တော့ မလိုအပ်ပါဘူး ။ ပရိသတ်တွေကတော့ သူတို့ တိုက်စစ်မှူး လိုတယ်လို့ ပြောနေကြပေမယ့် ဂိုးသွင်းနိုင်တဲ့ တောင်ပံ ကစားသမား ရှိရင်လည်း ပြေပါတယ် ။ ”

” ဆာလာ လို ကစားသမားပေါ့ ။ အရင်တုန်းကဆိုရင်လည်း မာနေး ပေါ့ ၊ ကျနော်ကတော့ ဘူကာရို ဆာကာ နဲ့ အပြိုင် ယှဉ်နိုင်မယ့် ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး လိုအပ်တယ်လို့ ထင်ပါတယ် ။နောက်ပြီးတော့ တခြား ကစားသမားတွေက တခြားသူတွေရဲ့ နေရာကို ဖြည့်ဆည်း ပေးနိုင်ပါတယ် ၊ မာတင်နယ်လီ ၊ ထရောဆက်ဒ် ၊ ဟားဗတ်ဇ် တို့နဲ့ လဲလှယ် အသုံးပြုလို့ ရပါတယ် ။တိုက်စစ် ကစားသမားချည်း ငါးယောက် ခြောက်ယောက်လောက် ရှိနေတာက တကယ့်ကို မိုက်ပါတယ် ။ ”

ကာရေဂါ က အာဆင်နယ် အသင်း လာမယ့် ရာသီမှာရော အောင်မြင်မယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းကိုလည်း ” အာဆင်နယ် အသင်း ထိပ်မှာပဲ ဆက်ရှိလိမ့်မယ်လို့ ကျနော်ကတော့ ထင်ပါတယ် ။ ပြီးခဲ့တဲ့ တစ်ရာသီလုံး အာဆင်နယ် အသင်းက အကောင်းဆုံး အသင်း ဖြစ်ခဲ့တာပါ ၊ သွင်းဂိုး ဂိုးကွာခြားမှု နှင့် ပေးဂိုး အပိုင်းဆိုလည်း ခံစစ် အကောင်းဆုံး အသင်း ဖြစ်ခဲ့ပါတယ် ။ ”

” ပြဿနာ က မန်စီးတီး မှာက ဖိုဒန် ၊ ဒီဘရိုင်းနား ၊ ဟာလန်း တို့လို တစ်ဦးချင်း ထူးချွန်တဲ့ တိုက်စစ်ကစားသမားတွေ ရှိနေကြတာပါပဲ ။ အာဆင်နယ်မှာက အဲ့ဒီလို သိပ်မရှိပါဘူး ၊ ဒါကြောင့် သူတို့ ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး ခေါ်ဖို့ လိုအပ်တယ်လို့ ပြောတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments