Saturday, February 7, 2026
spot_img
spot_img

ပရီးမီးယားလိဂ်၏ တစ်ရာသီတာအကောင်းဆုံး ကစားသမားဆုကို အာလင် ဟာလန်း ရရှိ

အာလင်ဟာလန်း သည် ၂၀၂၂/၂၃ ခုနှစ်အတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါသည်။

မန်စီးတီးအတွက် ဟာလန်း၏ စံချိန်ချိုးသည့် လှုပ်ရှားမှုသည် ပက်ဂွါဒီယိုလာ၏ အသင်းအား ၎င်းတို၏ တတိယမြောက်ဆုဖလားကို ဆက်တိုက်ရယူနိုင်စေခဲ့ပါသည်။

နော်ဝေလက်ရွေးစင်သည် ပြည်တွင်း၌ ၃၆ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် တိုက်စစ်မှူးများအနက် တစ်ရာသီအတွင်း အများဆုံးဖြစ်သည်။ သူသည် မားကပ်စ် ရပ်ရှ်ဖိုဒ် ၊ ဘူကာယို ဆာကာ နှင့် ဟယ်ရီကိန်း တိုကဲ့သိုပင် အဆိုပါဆုတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဟာလန်း သည် ဘောလုံးဂျာနယ်လစ်များအသင်း Football Writers’ Association ၏ တစ်ရာသီတာအကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရသည်။

ဟာလန်းသည် လာမည့်အပတ်တွင် အက်ဖ်အေဖလားဗိုလ်လုပွဲနှင့် ဇွန်လ ၁၀ ရက်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲတိုကို အာရုံစိုက်ခြင်းမပြုမီ တနင်္ဂနွေနေ့တွင် ဘရန့်ဖိုဒ်နှင့် ရာသီနောက်ဆုံးပွဲအတွက် မန်စီးတီးအသင်းတွင် ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments