Thursday, January 22, 2026
spot_img
spot_img

ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် မန်စီးတီးကွင်းလယ်လူ ရိုဒရီ ရေပန်းအစားဆုံးဖြစ်နေ 

မန်စီးတီးအသင်း၏ စပိန်ကွင်းလယ်ကစားသမား ရိုဒရီ သည် ယခုရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ရိုဒရီ(၂၇ နှစ်)သည် ယခုရာသီတွင် မန်စီးတီးအသင်း၏ အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး ပရီးမီးယားလိဂ်(၂၅)ပွဲ ယှဉ်ပြိုင်ကစားရာတွင် (၆)ဂိုး သွင်းယူပေးထားသည်။ ထို့ပြင် ပြိုင်ပွဲစုံ၌ (၇)ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၁၁)ကြိမ် ပြုလုပ်ပေးထားသည်။ 

၎င်းအား မန်စီးတီးအသင်း၏ အရေးအပါဆုံးကစားသမားအဖြစ် ကျွမ်းကျင်သူအများစုက သတ်မှတ်ထားသည့်အတွက် ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။ ရိုဒရီသည် ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားဆုရရှိရန် (၉း၄)လေးဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် မန်စီးတီးအသင်းဖော် ဖိုဒန်က (၁၁း၄)လေးဖြင့် ရပ်တည်နေသည်။ 

၎င်းတို့၏နောက်တွင် အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က (၄း၁)လေး၊ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက (ရး၁)လေး၊ အာဆင်နယ်တိုက်စစ်ကစားသမား ဆာကာနှင့် လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် က (၈း၁)လေး၊ လီဗာပူးလ်တိုုက်စစ်ကစားသမား ဆာလာက (၉း၁)လေး၊ အက်စတွန်ဗီလာတိုက်စစ်မှူး ဝပ်ကင်စ်က (၂ဝး၁)လေးတို့ဖြင့် အစဉ်အလိုက်ရပ်တည်နေကြောင်း သိရသည်။ 

ရိုဒရီသည် မန်စီးတီးအသင်းနည်းတူ စပိန်လက်ရွေးစင်အသင်းတွင်လည်း အမာခံကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး မနေ့ကကစားခဲ့သည့် ဘရာဇီးလ်အသင်းနှင့် ခြေစမ်းပွဲတွင်လည်း ၂ ဂိုးသွင်းယူပေးခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments