Monday, February 9, 2026
spot_img
spot_img

ပရီးမီးယားလိဂ်သို့ မိမိတို့ ပြန်လာခဲ့မည်ဟု လက်စတာအသင်းဥက္ကဋ္ဌ အီယာဝပ် ပြောကြာ

လက်စတာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ အီယာဝပ်က ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသော်လည်း အသင်းကို ရောင်းထုတ်မည်မဟုတ်ဘဲ ပရီီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာမှတစ်ဆင့် ပြောကြားခဲ့သည်။

လက်စတာအသင်းသည် ၂၀၁၅-၁၆ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သည့်အသင်းဖြစ်သော်လည်း ယခုရာသီတွင် အဆင့်(၁၈)နေရာဖြင့် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။ အီယာဝပ်သည် လက်စတာအသင်းပိုင်ရှင် ဗီချိုင်း၏ သားဖြစ်ပြီး ၎င်းတို့မိသားစုသည်  လက်စတာအသင်းကို ၂၀၁၀ ခုနှစ်တွင် စတင်ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ 

ဗီချိုင်း၏ ဘန်ကောက်အခြေစိုက် King Power လုပ်ငန်းစုသည် ထိုစဉ်က လိဂ်ချန်ပီယံရှစ်တွင် ရောက်ရှိနေသည့် လက်စတာအသင်းကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရပြီးနောက် ဒုတိယရာသီတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဆု ရ ယူနိုင်ခဲ့ခြင်းသည်။ 

အီယာဝပ်သည် ဗီချိုင်းကွယ်လွန်သွားခဲ့သည့်အတွက် လက်စတာအသင်း ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့သူဖြစ်သည်။ ၎င်းက အိတ်ဖွင့်ပေးစာတွင် “တန်းဆင်းရတဲ့အတွက် နာကျင်ခံစားရပေမဲ့ ကျွန်တော်တို့ ပြန်လာမှာပါ။ ကျွန်တော်တို့ ပြန်လည်တည်ဆောက်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ တချို့ပရိသတ်တွေက အသင်းကိုရောင်းထုတ်ဖို့ ပြောတာတွေ လည်း ရှိပါတယ်။ ပရိသတ်တွေဆီက ရောက်လာတဲ့ မက်ဆေ့ချ်တွေကတော့ အကောင်းရော အဆိုးရောပါပဲ”ဟု ပါရှိခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments