ခရစ္စတယ်ပဲလေ့စ် – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဧပြီလ ၂၉ ရက် ည ၆:၀၀ နာရီ)
ပဲလေ့စ်က စိတ်အေးရတဲ့အခြေအနေမှာ ရှိတယ်။ ရလဒ်ကောင်းတွေ ဆက်တိုက်ယူခဲ့ပြီးတဲ့နောက် နောက်ဆုံးနှစ်ပွဲမှာ နိုင်ပွဲပျောက်ခဲ့တယ်။ ဝက်စ်ဟမ်းက ခြေစွမ်း သိသိသာသာတိုးတက်လာပြီး တန်းမဆင်းရဖို့ များနေပြီလို့ ပြောရမယ်။ လက်ရှိ ခြေစွမ်းနဲ့ Rhythm အရဆိုရင် ဝက်စ်ဟမ်းအသင်းကို ပိုကြိုက်တယ်။ အမှတ်လည်း လိုနေတာကြောင့် ဝက်စ်ဟမ်းနိုင်မယ်ထင်တယ်။
ဘရန့်ဖို့ဒ် – နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၉ ရက် ည ၈:၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းက ရလဒ်တွေသိသိသာသာ ကျဆင်းသွားပေမဲ့ နောက်ဆုံးပွဲမှာ ချယ်လ်ဆီးကို အနိုင်ယူထားတယ်။ နော်တင်ဟမ်အသင်းကလည်း တန်းဆင်းဇုန်ထဲကို ပြန်ရောက်နေပြီး အမှတ်အသည်းအသန်လိုနေတယ်။ လက်ရှိ ခြေစွမ်းအရရော၊ ရပ်တည်မှုအရပါ ဘရန့်ဖို့ဒ်ပိုကောင်းပြီး နော်တင်ဟမ်ဖောရက်စ်က ရုန်းအားပဲ ရှိမယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ် နိုင်ပွဲဆက်ယူပါလိမ့်မယ်။
ဘရိုက်တန် – ဝုလ်ဗ် (မြန်မာစံတော်ချိန် ဧပြီလ ၂၉ ရက် ည ၈:၃၀ နာရီ)

ဝုလ်ဗ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ (၄) ပွဲမှာ လက်စတာတစ်သင်းတည်းကို ရှုံးခဲ့ပြီး (၃) ပွဲနိုင်ခဲ့တယ်။ တန်းဆင်းဇုန်အတွက် စိတ်ပူခဲ့ရပေမယ့် အခုတော့အမှတ်တော်တော် ပြတ်သွားပါပြီ။ ဘရိုက်တန်ကယူရိုပါလိဂ်ဝင်ခွင့်ကို အဓိကလုရမယ့် အနေအထားဖြစ်ပြီး လက်ရှိခြေစွမ်းပိုင်းကလည်း တော်တော်လေး ကောင်းမွန်နေတယ်။ ဘရိုက်တန်နို်င်ပွဲ ယူပါလိမ့်မယ်။






