Monday, February 9, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး – ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ချယ်လ်ဆီးရဲ့ ကစားသမားသစ်အချို့ကို မြင်ရလိမ့်မယ်ထင်တယ်။ ဂရေဟမ်ပေါ်တာ က ဖိအားတွေကို ဖြေရှင်းဖို့အတွက် ဒီပွဲမှာ အပြောင်းအလဲ တချို့လုပ်မယ်။ စွန့်စားက စားပြီး ဂိုးပြတ်သွင်းနိုင်ဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆရတယ်။ ပဲလေ့စ်ကလည်း ရလဒ်မ တည်ငြိမ်တဲ့အသင်းပါ။ ကစားသမားကောင်းတွေရှိပေမဲ့ ခြေစွမ်းက မှန်းဆရခက်တယ်။ ဒီပွဲတော့ ချယ်လ်ဆီး အနိုင်သေချာတယ်။

နယူးကာဆယ် – ဖူလ်ဟမ် (တနင်္ဂနွေည ၈း၃၀ နာရီ)

နယူးကာဆယ်ရော၊ ဖူလ်ဟမ်ရောက ပရိသတ်တွေ ထင်မှတ်ထားတာထက် ပိုပြီး စွမ်းဆောင်ပြနေတဲ့အသင်းတွေဖြစ်တယ်။ နယူးကာဆယ်က နောက်ဆုံး (၃)ပွဲဆက် သရေ ကျခဲ့လို့ ရမှတ်တွေ လျော့ခဲ့ပေမယ့် အာဆင်နယ်ကို သရေကျခဲ့တဲ့ပွဲက စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံက ကျစ်လျစ်နေဆဲပါ။ ဖူလ်ဟမ်ကလည်း ပုံံစံကောင်းပြပြီး ဂိုးမြူးနေတဲ့အသင်း ဖြစ်တယ်။ သရေကျသွားနိုင်တယ်။

စပါး – အာဆင်နယ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

မန်ချက်စတာ ဒါဘီပွဲကစားမယ့် ရက်သတ္တပတ်မှာပဲ မြောက်လန်ဒန်ဒါဘီပွဲကလည်း အကြိတ်အနယ် ရင်ဆိုင်ရမှာဖြစ် တယ်။ မန်စီးတီးအသင်းပွဲကျပ် ကစားရချိန်မှာ အာဆင်နယ်အသင်းက ရလဒ်ကောင်းရဖို့ ရုန်းကန်မှာဖြစ်သလို၊ စပါးအသင်း ကလည်း အာဆင်နယ်ကို နိုင်ခဲ့ရင် အဆင့် (၄)နေရာအတွက် မျှော်လင့်ချက် ပိုအားကောင်းလာမှာဖြစ်ပြီး တစ်ဖက်မှာ အဆင့် (၄)နေရာက ပြိုင်ဘက်မန်ယူအသင်း ရလဒ်ဆိုးဖို့လည်း မျှော်လင့်လို့ ရနေတဲ့အနေအထားဖြစ်တယ်။ လက်တစ်လောခြေစွမ်းနဲ့ ရလဒ်ပိုင်းအရဆိုရင်တော့ စပါးအသင်းရဲ့လက်ရှိ အနေအထားက အာဆင်နယ်ကို မမီဘူးလို့ ပြောနိုင်တယ်။ ဒါပေမဲ့ မနှစ်က စပါးအသင်းရဲ့ကွင်းမှာ အာဆင်နယ် ဂိုးပြတ်ရှုံးခဲ့တယ်။ ပွဲကြီးတွေမှာ စပါးက ရုန်းကန်နိုင်စွမ်းရှိတာတွေကို ထည့်စဉ်းစားရင် အာဆင်နယ် အမှတ်လျော့သွားနိုင်ခြေရှိပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments