Wednesday, February 11, 2026
spot_img
spot_img

ပယ်နယ်တီမရ၍ ဒေါသထွက်ရသည်ဟု ဂရေဟမ်ပေါ်တာ ဖွင့်ဟ

ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ဝက်စ်ဟမ်းနှင့်ပွဲတွင် ပယ်နယ်တီမရခဲ့ခြင်းအတွက် ဒေါသထွက်ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဖေဖော်ဝါရီ (၁၁) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ဝက်စ်ဟမ်း(၁-၁) ချယ်လ်ဆီးပွဲတွင် ပွဲပြီးခါနီး ဝက်စ်ဟမ်းကစားသမား ဆူချက်ခ် လက်ထိခဲ့သော်လည်း ချယ်လ်ဆီး ပယ်နယ်တီ မရခဲ့ပေ။

ယင်းအတွက် ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာအနေဖြင့် ဂွါဒီယိုလာ၊ ကလော့ပ်တို့လို တောင်းဆိုခဲ့ခြင်းမရှိဟု ဖာဒီနန်က ဝေဖန်ခဲ့သည်။

ယခုအခါ ဂရေဟမ်ပေါ်တာက ပယ်နယ်တီမရ၍ ဒေါသထွက်ရကြောင်းနှင့် မိမိလည်း လူသားတစ်ဦးသာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments