Saturday, February 7, 2026
spot_img
spot_img

ပထမဆုံးဘွန်ဒစ်လီဂါ (၂)ပွဲတွင် (၃)ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်

ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူး ဟာရီကိန်းသည် အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံးဘွန်ဒစ်လီဂါ (၂)ပွဲတွင် (၃)ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ယခုနွေရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ တန်ဖိုးအကြီးဆုံးကစားသမားခေါ်ယူမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ဟာရီကိန်းသည် ဂျာမန်စူပါဖလားပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် စတင်ကစားခွင့်ရခဲ့သော်လည်း ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် လှောင်ပြောင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ဝါဒါဘရီမင်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒစ်လီဂါအဖွင့်ပွဲတွင် တစ်ဂိုး၊ ယခုတစ်ပတ် အော့စ်ဘတ်နှင့်ပွဲတွင် တစ်ဂိုး သွင်းယူခဲ့ပြီး ယင်းကဲ့သို့ ဘွန်ဒစ်လီဂါပွဲဦးထွက် (၂)ပွဲ၌ (၃)ဂိုးအထိ သွင်းယူနိုင်ခြင်းမှာ အသင်း၏သမိုင်းတစ်လျှောက် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမတိုင်မီက ယင်းကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သူများမှာ ဂူစတပ်ဗ်ဂျန်(၁၉၆၇)နှင့် အဒိုလ်ဖို ဗလင်စီယာ(၁၉၉၃)တို့ဖြစ်ကြောင်း သိရသည်။ ဟာရီကိန်းသည် ဘွန်ဒစ်လီဂါ(၂)ပွဲတွင် (၃)ဂိုးသွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်နိုင်ခဲ့သည်။ အော့စ်ဘတ် နှင့်ပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းဖော် ဂိုဟက်ဇ်ကာက “သူက ကမ္ဘာ့အဆင့်ကစားသမားဖြစ်တဲ့အပြင် အလွန်တော်တဲ့ လူပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူက အသင်းကို ဦးဆောင်နိုင်မယ့်သူတစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ အသင်းအတွက် အရေးပါတဲ့ အားဖြည့်မှုတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်” ဟု ချီးကျူးပြောကြားခဲ့သည်။

သို့သော် အင်္ဂလန်မှ နာမည်ကျော်ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂယ်ရီလိုင်နီကာကမူ “လောလောဆယ်မှာ ဟာရီကိန်းက အလန်ရှီးယားရဲ့ ဘွန်ဒစ်လီဂါသွင်းဂိုး စံချိန်ထက် (၃)ဂိုး အသာရနေပါပြီ” ဟု Twitter တွင် ရေးသားကာ လှောင်ပြောင်ခဲ့သည်။ ဟာရီကိန်းသည် အလန်ရှီးယား၏ ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ရန် ကြိုးပမ်းခြင်းမပြုဘဲ ဘွန်ဒစ်လီဂါသို့ ပြောင်းရွှေ့ခဲ့ခြင်းကို ရည်ညွှန်းကာ ဂယ်ရီလိုင်နီကာက လှောင်ပြောင်ရေးသားခဲ့ ခြင်းလည်းဖြစ်သည်။ ဟာရီကိန်းကမူ ၎င်း၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ “မစ္စတာရူမင်နစ်ဂီက ဘိုင်ယန်မြူးနစ်အသင်းမှာ ဖိအားတွေ ဘယ်လောက်များတဲ့အကြောင်း ကျွန်တော့်ကို ရှင်းပြခဲ့ပါတယ်။ ကျွန်တော် ဆုဖလားတွေအတွက်၊ ချန်ပီယံလိဂ်အတွက် တိုက်ပွဲဝင်ရတဲ့ အတွေ့အကြုံကို လိုချင်ပါတယ်။ ကျွန်တော် ဘွန်ဒစ်လီဂါအကြောင်းထက် ဘိုင်ယန်အသင်းအကြောင်း ပိုတွေးပါတယ်။ ဘိုင်ယန်က ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ကလပ်အသင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments