Thursday, January 15, 2026
spot_img
spot_img

ပထမဆုံးကိုင်တွယ်သည့် ပြိုင်ပွဲစုံပွဲ(၂၀၀)တွင် နိုင်ပွဲအများဆုံးရရှိသည့် အာဆင်နယ်နည်းပြအဖြစ် အာတီတာ မှတ်တမ်းဝင်

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ပထမဆုံးကိုင်တွယ်သည့် ပြိုင်ပွဲစုံပွဲ(၂၀၀)တွင် နိုင်ပွဲအများဆုံးရရှိသည့် အာဆင်နယ်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အာတီတာ(၄၁ နှစ်)သည် အာဆင်နယ်အသင်းကို ၂၀၁၉ ဒီဇင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ဘုန်းမောက်နှင့် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ဖြင့် အစပြုခဲ့ခြင်းဖြစ်သည်။

အာတီတာသည် စနေနေ့က ဘရန့်ဖို့ဒ်နှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အာဆင်နယ်နည်းပြဘ၀ ပြိုင်ပွဲစုံပွဲ (၂၀၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ပွဲ (၁၁၆)ပွဲ၊ သရေ(၃၄)ပွဲ၊ ရှုံးပွဲ(၅၀)ရှိခဲ့သည်။

ထို့ကြောင့် ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါး၏ နိုင်ပွဲစံချိန်ကို ကျော်ဖြတ်ကာ အာဆင်နယ်အသင်း၏ နိုင်ပွဲအများဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်နည်းပြဘ၀ ပထမဆုံးပွဲ(၂၀၀)၌ နိုင်ပွဲ(၁၁၁)ပွဲသာ ရရှိခဲ့သော်လည်း အာတီတာထက် သရေပွဲပိုများပြီး ရှုံးပွဲပိုနည်းအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် အမှတ်ရရှိမှုတွင်မူ အာတီတာထက် သာလွန်ခဲ့ကြောင်း သိရသည်။

အာတီတာသည် ပွဲ(၂၀၀)ပြည့်သည့်ပွဲတွင် နိုင်ပွဲနှင့်အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုပါ ရယူနိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုရာသီတွင် ထိပ်ဆုံးနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments