အန်ဖီးသို့ ရောက်ကာစလများတွင် ရုန်းကန်ခဲ့ရသော်လည်း နူးညက်ဇ်အနေဖြင့် ယခုနောက်ပိုင်းတွင် ဂိုးများစွာ သွင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဆာလာက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့်လတွင် လီဗာပူးသည် နူးညက်ဇ်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဥရုဂွေးတိုက်စစ်မှူးသည် ပရီးမီးယားလိဂ် ၁၆ ပွဲတွင် ၅ ဂိုးသာသွင်းယူပေးနိုင်ခဲ့သည်။ နူးညက်ဇ်သည် ကမ္ဘာ့ဖလားပြိးနောက်ပိုင်းတွင် ပရီးမီးယားလိဂ်၌ ဂိုးမသွင်းနိုင်ပဲ ဂိုးခန်းခြောက်နေသည်။ နူးညက်ဇ်သည် ပရီးမီးယားလိဂ်တွင်ပိုမိုအခြေကျလာခြင်းကြောင့် ဂိုးများပိုမိုသွင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဆာလာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်က နူးညက်ဇ်နဲ့ နေ့တိုင်းလေ့ကျင့်ရေးဆင်းနေတာပါ သူ့ရဲ့ကစားဟန်ပုံစံကို ကျွန်တော်သိပါတယ်။ သူဘယ်လို ကစားချင်တယ်ဆိုတာသိပါတယ်။ တန်ပြန်တိုက်စစ်ကစားရတယ် ဆိုရင် ကျွန််တော်တို့က တိုက်စစ်ကို ရဲရဲတင်းတင်းကစားရုံပါပဲ။ ဒီလိုပုံစံမျိုးကို နာပိုလီအသင်းနဲ့ ရော မန်စီးတီးအသင်းနဲ့ပွဲမှာပါ ကစားပြခဲ့ပြီးပါပြီ။ လီဗာပူးကစားကွက်နဲ့ နူးညက်ဇ်ကစားပုံကိုသိပါတယ်. ဒါကြောင့်သူက ဂိုးတွေအများကြိးသွင်းဦးမယ်လို့ ပြောတာဖြစ်ပါတယ်။ သူဂိုးတွေအများကြီး သွင်းလိမ့်မယ်။ ကျွန်တော်ပြောတာကို ယုံကြပါ”ဟု ဆာလာက ပြောဆိုလိုက်သည်။






