Tuesday, January 13, 2026
spot_img
spot_img

” ဒေါ့မွန် က ကျနော့်အတွက်တော့ အရာရာပါပဲ ” ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မှီ မာကိုရူးစ် ရဲ့ ပြောစကားများ

ဒေါ့မွန် အသင်း အတွက် ၁၂ ရာသီ ၊ ပွဲပေါင်း ၄၀၀ ကျော် ကစားအပြီးမှာ မာကိုရူးစ် ဟာ ဒီရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ် ။ ဝင်ဘာလေ မှာ ရီးယဲလ်မက်ဒရစ် အသင်း နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဟာ မာကိုရူးစ် ‌အတွက် ဒေါ့မွန် ကစားသမား ဘဝ နောက်ဆုံးပွဲ ဖြစ်ပါတယ် ။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်မှီ ယူအီးအက်ဖ်အေ ဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ မာကိုရူးစ် က

ဒေါ့မွန် အသင်းကနေ ထွက်ခွာတော့မယ့် အပေါ်

” ဒေါ့မွန် က ကျနော့်အတွက်တော့ အရာရာပါပဲ ။ အသင်း တစ်သင်း ထဲမှာ ၁၂ နှစ် ကြာ ကစားခဲ့တယ်ဆိုတာ က အသင်း ရဲ့ နာမည် နှင့် ငွေကြေး ကြောင့် မဟုတ်ပါဘူး ၊ ဒီလိုကစားနိုင်ဖို့ ဆိုတာက အသင်းမှာ ကစားရတာ သက်သောင့်သက်သာ ရှိဖို့ လိုအပ်သလို ကိုယ့်အတွက် ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပြီး အသင်းဖော်ကောင်းတွေလည်း ရှိနေဖို့လည်း လိုအပ်ပါတယ် ။ ”

” ပရိသတ်တွေကလည်း ကြီးမားတဲ့ အခန်း ကဏ္ဍ နေရာကနေ ပါဝင်တာပေါ့ဗျာ။ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားတဲ့ အခါမှာ ဒီလို နေရာမျိုး နောက်ထပ် ပြန်ရှာမတွေ့နိုင်တော့ဘူး ဆိုတာကို တွေးမိပါတယ် ၊ ဒါကြောင့်လည်း ဆုံးဖြတ်ချက် မချမှီ နှစ်ခါ သုံးခါလောက်ကို ပြန် စဉ်းစား ခဲ့ရပါတယ် ။ ဒီအသင်းမှာ အကြာကြီး နေဖြစ်တာက ပရိသတ်တွေကြောင့် အများကြီး ပါပါတယ် ၊ ဒါပေမဲ့ အသင်းက ကျနော့်ကို လိုအပ်တယ်လို့ ခံစားရတာကြောင့်လည်း ပါတာပေါ့ဗျာ ။ ”

အမှတ်တရ အဖြစ်ဆုံး ချန်ပီယံလိဂ်ပွဲ အကြောင်း နဲ့ ပတ်သက်ပြီး

” နောက်ဆုံး ကစားခဲ့တဲ့ ပီအက်စ်ဂျီ အသင်း နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပေါ့ဗျာ ။ အဲ့ပွဲက မှတ်မှတ် ထင်ထင်ပါပဲ ၊ ဆီမီးဖိုင်နယ် ရောက်နေချိန်မှာ ဖိုင်နယ် တက်ဖို့က ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါပဲ ၊ ရည်မှန်းထားတဲ့ အတိုင်း ဖိုင်နယ် တက်နိုင် ခဲ့တဲ့ အတွက် ဖိအားတွေ အများကြီး လျော့သွားခဲ့ပါတယ် ။ ”

” ကျနော်တို့ အသင်းမှာက တခြားအသင်းတွေလို ဖိုင်နယ် နှစ်တိုင်း တက်ရမယ်ဆိုတဲ့ ပြင်းထန် တဲ့ ဖိအားတွေ ရှိမနေပါဘူး ။ 2013 ခုနှစ် နှင့် 1997 ခုနှစ်နောက်ပိုင်း ဖိုင်နယ် ပြန်တက်နိုင်ခဲ့တဲ့ ခံစားချက်က တကယ့်ကို ရှယ်ပါပဲ ၊ ဖိုင်နယ် တက်နိုင်ခဲ့တဲ့ ခံစားချက်ကို ဖော်မပြတက်အောင်ပါပဲ ၊ ကလပ် အသင်းရဲ့ အထွတ်အထိပ် အခိုက်အတန့်ပါပဲ ၊ ကျနော်တို့ အားလုံး စိတ်လှုပ်ရှားနေကြပါပြီ ။ ”

ဝင်ဘာလေ ကို နောက်တစ်ကြိမ် ပြန်လာရတဲ့ အပေါ်

” ဝင်ဘာလေမှာ နောက်ဆုံး ကစားခဲ့တဲ့ ဖိုင်နယ်က လွန်ခဲ့တဲ့ ၁၁ နှစ်ကပါ ။ ပြိုင်ဘက်လည်း မတူသလို ကစားသမားတွေလည်း မတူတော့ပါဘူး ၊ ဒါကြောင့် လက်စားပြန်ချေမယ်လို့ ပြောမရပါဘူး ၊ အခု ကျနော်တို့ ပန်းတိုင်က ဖလား ရဖို့ပါပဲ ။ ပွဲ ရလဒ် ဘယ်လို ထွက်ပေါ်မလဲဆိုတာ လာမယ့် မိနစ် ၉၀ ၊ ဒါမှ မဟုတ် မိနစ် ၁၂၀ မှာ အဖြေ ထွက်ပေါ်လာပါလိမ့်မယ် ။ ”

” အချိန်တွေကြာလာတော့ ကျနော် ကိုယ်တိုင်လည်း ပိုပြီး အတွေ့အကြုံ ရင့်ကျက်လာသလို အသက် ၂၀ အရွယ်တုန်းကထက် ပိုပြီး ကောင်းမွန်အောင် ပြင်ဆင် ထားနိုင်ပါပြီ ။ ဗိုလ်လုပွဲ မတိုင်မှီ ရင်ခုန် စိတ်လှူပ်ရှား နေကြတယ် ဆိုတာကလည်း ပုံမှန်ပါပဲ ။ ”

ပြိုင်ဘက် ရီးယဲလ်မက်ဒရစ် အသင်း အပေါ်

” ဘယ်လို ပြိုင်ဘက်က ကျနော်တို့ အသင်းကို စောင့်မျှော်နေသလဲ ဆိုတာ သိပါတယ် ။ သူတို့က ဒီလို အခိုက်အတန့်ကို အသားကျနေတဲ့ အသင်းပါ ၊ ဒါကြောင့် သူတို့ သိပ်တော့ စိတ်လှုပ်ရှားကြမှာ မဟုတ်ပါဘူး ၊ ဒါက ပွဲကို အဆုံးအဖြတ်ပေးမယ့် အရာတော့ မဟုတ်ပါဘူး ၊ ကွင်းထဲမှာ အဆုံးအဖြတ် ပေးသွားမှာပါ ၊ သူတို့က နေရာစုံမှာ ကစားသမားကောင်းတွေ ရှိနေကြတာပါ ၊ ဘောလုံး ကစားတာလည်း အေးဆေးတည်ငြိမ်မှု ရှိပါတယ် ၊ high press ကစားပြီး ‌တောက်လျှောက် ပြေးလွှား ကစားနိုင်ပါတယ် ၊ ဒါပေမဲ့ ပွဲရဲ့ အရှိန်အဟုန်ပေါ် မူတည်ပါတယ် ၊ ကျနော်တို့ သူတို့ကို သေချာ လေ့လာ သုံးသပ် နေပါတယ် ။ ”

” ဖိုင်နယ် နေ့မှာ ကျနော်တို့ ထိပ်တန်း စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ လိုအပ်သလို ကံကောင်းဖို့လည်း လိုတာပေါ့ဗျာ ။အခွင့်အရေးတွေကိုလည်း ဂိုး အဖြစ် ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ် ။ ဒါပေမဲ့ တစ်ပွဲထဲ ကစားရမယ့် ပွဲဆိုတော့ ဘာမဆို ဖြစ်သွား နိုင်ပါတယ် ၊ ကျနော်တို့ ဖိုင်နယ် အတွက် ယုံကြည်မှု အပြည့် ရှိသလို ကျနော်တို့ အနောက်မှာ အားတက်သရော အားပေးနေကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ် ။ ”

သူရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ နဲ့ ပတ်သက်ပြီး

” သိပ်ကို အံဩစရာ ကောင်းပါတယ် ။ နောက်ဆုံး ပွဲက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဖြစ်နေပြီး အနိုင်ရလဒ်နဲ့ နှုတ်ဆက် နိုင်တာလောက် ပိုကောင်းတာ ရှိမှာမဟုတ်ပါဘူး ၊ 2011 ချန်ပီယံလိဂ် ဗိုလ်လုပွဲ နဲ့ စတင် ခဲ့တယ် ၊ 2024 ချန်ပီယံလိဂ် ဗိုလ်လုပွဲ နဲ့ အဆုံးသတ် နိုင်ခဲ့တယ်ပေါ့ဗျာ ။ ”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments