မန်ချက်စတာ ယူနိုက်တက် ဟာ နည်းပြ အဲရစ်တန်ဟတ် ရဲ့ ဦးစားပေး ပစ်မှတ် ဖြစ်တဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယွန် အတွက် နောက်ဆုံး အကြိမ် ကမ်းလှမ်းမှု ပြုလုပ် သွားဖို့ ရှိနေတယ်လို့ သိရ ပါတယ် ။
ယူနိုက်တက် ဟာ ဒီယွန် ကို တပတ် လုပ်ခ ပေါင် ၄ သိန်းခွဲ အထိ ပေးဖို့ ရှိနေသလို ဘာစီလိုနာ ကနေ ရစရာ ရှိနေတဲ့ ဆိုင်းငံ့ လစာ နဲ့ အပိုဆုကြေးတွေ ကိုပါ ပေးချေ သွားဖို့အထိ ရည်ရွယ်ထားကြောင်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။
ကတ်တလန် အခြေစိုက် SPORT သတင်းစာ ကတော့ ချဲလ်ဆီး ဟာ ဖရန်ကီ ဒီယွန် ကို ခေါ်ယူနိုင်ဖို့ ကြိုးစား သွားမယ်လို့ ဘာစီလိုနာ အသင်းကို အသိပေးခဲ့ကြောင်း ဖော်ပြသွားခဲ့ ပါတယ် ။
ပြင်သစ် ကလပ် ဒီဂျွန် အသင်းဟာ နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား ဇန်ဒီ ဆေးလ်ဗား ကို ၃ နှစ် စာချုပ် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရှိရ ပါတယ် ။
နော်တင်ဟမ် ဖောရက်စ် ကတော့ စတုဂတ် ကစားသမား အော်ရယ် မန်ဂလာ ကို ယူရို ၁၃ သန်း + အပိုဆုကြေး ၄ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီလို့ ကြေညာ သွားခဲ့ ပါတယ် ။
ချဲလ်ဆီး ၊ ဆီဗီးလား တို့က စိတ်ဝင်စား နေတယ်လို့ သတင်းထွက်နေတဲ့ ဘီနော့ ဘာဒီယာရှီး အနေနဲ့ ဒီရာသီမှာ အသင်းမပြောင်းသေးဘဲ မိုနာကို မှာ တနှစ်လောက် ထပ်ကစားဖို့ သင့်ကြောင်း တိုက်တွန်း ခဲ့တယ်လို့ မိုနာကို နည်းပြ ဖိလစ်ပီ ကလီမန့် က ပြောဆို သွားခဲ့ ပါတယ် ။
ရိုးမား နဲ့ PSG တို့ဟာ ကွင်းလယ်လူ ဝိုင်နယ်ဒမ် ကို အငှား ခေါ်ယူရေးနဲ့ ပတ်သက်ပြီး လာမယ့် ၂ ရက် အတွင်းမှာ အပြီးသတ် နိုင်ဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။
နိုက်စ် အသင်းကတော့ အမ်ပိုလီ အသင်းရဲ့ နောက်ခံလူ မတ်တီယာ ဗီတီ ကို ယူရို ၁၃ သန်း + အပိုဆုကြေး ၂ သန်း ခန့် နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ် ။
ချဲလ်ဆီး အသင်း ဟာ လိုက်ပ်ဇစ် ကစားသမား ဂျော့စ်ကို ဂျီဗာဒီယို အတွက် ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပေမယ့် ဂျာမန် ကလပ် က ပယ်ချခဲ့တာကြောင့် နောက်ထပ် တကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ ကြားသိရ ပါတယ် ။
ဂျာမန် ထိပ်သီး ဒေါ့မွန် ကတော့ လေဗာကူဆင် အသင်းနဲ့ ကစားမယ့် ရာသီသစ် အဖွင့်ပွဲစဉ်မှာ အဓိက ခံစစ်မှူး နီကလပ် ဆူးလ် မပါဘဲ ( ဒဏ်ရာကြောင့် ) ကစားရဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။
ယူဗင်တပ် ရဲ့ အမေရိကန် ကစားသမားလေး ဝက်စတန် မက်ကိန်း ဟာလည်း ပုခုံး အဆစ်လွဲတဲ့ ဒဏ်ရာကို ကုသရမှာ ဖြစ်တာကြောင့် တလခန့် အနည်းဆုံး နားရဖွယ် ရှိတယ်လို့ သိရပါတယ် ။
ရီးရဲမက်ဒရစ် ဟာ အခု နွေရာသီမှာ စိတ်ကြိုက် တိုက်စစ်မှူး မရှာတွေ့ ခဲ့ပါက အီဒင် ဟာဇက် ကို ဘန်ဇီးမား ရဲ့ အရန် တိုက်စစ်မှူး အဖြစ် ထားပြီး အသုံးပြုသွားဖို့ စိတ်ကူးနေတယ်လို့ ကြားသိရ ပါတယ် ။
ဗလင်စီယာ အသင်းဟာ နယ်သာလန် ဂိုးသမား ဂျပ်စပါ ဆီလက်ဆန် ကို ရောင်းထုတ်ဖို့ စိတ်ကူး ရှိနေပြီး နော်တင်ဟမ် ဖောရက်စ် နဲ့ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ချန်လှပ် သွားခဲ့တယ်လို့ သိရပါတယ် ။
နာပိုလီ နဲ့ ဖာဘီယံ ရုဇ် တို့ရဲ့ အေးဂျင့်ဟာ ယမန်နေ့ က တွေ့ဆုံ စကားပြောဆို ခဲ့ကြပေမယ့် စာချုပ်သစ် အတွက် အဖြေ မရခဲ့ဘူးလို့ သိရပါတယ် ။
ဖာဘီယံ ရုဇ် နဲ့ နာပိုလီ တို့ရဲ့ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ရီးရဲမက်ဒရစ် က စပိန်သားရဲ့ အခြေအနေ ကို စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။
တော့တင်ဟမ် ဟော့စပါး ကစားသမား ဂျိုး ရိုဒွန် ကတော့ ရင်းနစ် အသင်းထံ အငှား + ယူရို သန်း ၂၀ နဲ့ ပြောင်းရွှေ့မှု ပြုလုပ်ဖို့ အတွက် ပြင်သစ်ကို သွားရောက်ကာ ဆေးစစ်မှု ခံယူနေပြီလို့ သိရပါတယ် ။
မေဂျာလိဂ် ကလပ် ချီကာဂို ဖိုင်းယား အသင်းရဲ့ ဂိုးသမား ဂါဘရီရယ် စလိုနီနာ ဟာလည်း ချဲလ်ဆီး အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် လန်ဒန် ကို မကြာခင် မှာ အေးဂျင့် နဲ့ အတူ ရောက်လာတော့မယ်လို့ သိရပါတယ် ။
လိုက်ပ်ဇစ် အသင်းကတော့ ဟော့ဖမ်ဟမ်း နောက်ခံလူ ဒေးဗစ် ရမ်း ကို ၂၀၂၇ ခုနှစ် အထိ ခေါ်ယူ နိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။
ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အနာဂါတ် မသေမချာ ဖြစ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ ရက်ဘူး ဆဲလ်ဘာ့ဂ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်ကို နဲ့ စတုဂတ် တိုက်စစ်မှူး ဆာဆာ ခါလာဇစ် တို့ကို စောင့်ကြည့် နေတယ်လို့ သတင်း






