Thursday, January 22, 2026
spot_img
spot_img

ဒါဘီ နိုင်ပွဲမှ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မှတ်ချက်ပေးရင်း ချန်ပီယံဆုအတွက်အိပ်မက်မက်နေပြီလားဆိုတဲ့ မေးခွန်းကို ဖြေကြားလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ဟာ မနေ့ညက မန်ချက်စတာ ဒါဘီပွဲ အနိုင် ကစားခဲ့ပြီးနောက် အမှတ်ပေး ဇယား ထိပ်ပိုင်းမှ အာဆင်နယ် အသင်းအောက် 6 မှတ် အကွာ တက်လှမ်းနိုင်ခဲ့ပေမဲ့ ချန်ပီယံဆုအတွက် အိပ်မက်မက်တာမျိုး ရှိမနေဘူးလို့ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင််းနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်း 60 မိနစ်မှာ ဂျက်ဂရီလစ်ရှ် ကြောင့် ဦးဆောင်ဂိုး ပေးခဲ့လိုက်ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 78 နဲ့ 82 မိနစ်တွေမှာ ဘရူနို ၊ ရပ်ရှ်ဖို့ တို့ကြောင့် ပြန်လည်် အနိုင်ယူသွားနိုင်ခဲ့ပါတယ် ။

ဒါဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲပြီးနောက် ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ 7 ပွဲဆက် နိုင်ပွဲ ဖြစ်သွားခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက် ပရိသတ် အချို့က အခုလို ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေခဲ့တာကို အားရကျေနပ်နေခဲ့ကြပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ချက် ထားရှိနေခဲ့ကြပါပြီ ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်က ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပရိသတ်တွေ အနေနဲ့ အိပ်မက်တွေ မက်ခွင့်ရှိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပေမဲ့ သူ့ဖက်ကတော့ ဒါနဲ့ ပတ်သက်လို့ အိပ်မက်မက်နေတာမျိုး မရှိပဲ ဆက်လက် ကြိုးစားဖို့ပဲ တွေးနေကြောင်း ပြောသွားခဲ့လိုက်ပါတယ် ။

” ပရိသတ်တွေကတော့ အိပ်မက်တွေ မက်နိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မရပါဘူး ။ ကျွန်တော်တို့ရဲ့ ခြေထောက်တွေ မြေပြင်ပေါ်မှာ ဆက်လက် မြဲမြံနေဖို့ လိုအပ််လှပါတယ် ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပွဲစဥ်တွေမှာ ဆက်လက် တိုးတက်ဖို့ အများကြီး လိုသေးတယ်ဆိုတာကို သိထားဖို့ လိုအပ်လှပါတယ် ”

” ကျွန်တော်တို့ ပထမပိုင်း ကစားပြီးချိန်မှာ ပွဲစဥ်ကိုထိန်းချုပ််နိုင်စွမ်း မရှိဘူးဆိုတာမျိုး အဖြစ်မခံနိုင်ပါဘူး ။ အဲ့ဒီီလို ကျဆင်းသွားတာကို လုံးဝကို မလိုအပ်တဲ့ အရာတစ်ခုပါပဲ ။ ကျွန်တော်တို့ မှန်ကန်တဲ့ အရာတွေကို လုပ်ကြမယ် ၊ စည်းမျဥ်းတွေကို မှန်မှန်ကန်ကန် လိုက်နားကြမယ်ဆိုရင် ပွဲစဥ်ကို ထိန်းချုပ်ပြီး ပထမပိုင်းလို ကစားနိုင်မှာပါပဲ ”

” ထိပ်တန်း ပွဲစဥ်တွေမှာဆိုရင် အသေးအမွှား ကိစ္စလေးတွေက ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်စေနိုင်တယ်လေ ။ ကျွန်တော်တို့ အဲ့ဒီလိုတွေ လုပ်နိုင်ဖို့ ဆက််လက် ကြိုးစားရမှာဖြစ်ပြီး အခွင့်အရေးတွေကို အသုံးချရေးမှာလည်း ဆက်လက် တိုးတက်ဖို့ အားထုတ်ရဦးမှာပါပဲ ”

” ကျွန်တော်တို့ တိုးတက်လာခဲ့ကြပါတယ် ။ ဒါဟာ ထင််ရှားလွန်းတယ်လေ ။ ဒါပေမဲ့ ကျွန်တော်တို့ အဝေးကြီးကို ဆက်သွားရပါဦးမယ်။ ပွဲစဥ်တွေမှာ ဆက်လက် တိုးတက်ဖို့ အများကြီး ကြိုးစားရပါဦးမယ် ။ ကျွန်တော်တို့ တစ်ဆင့််ပြီးတစ်ဆင့် ကြိုးစားနေကြတာ ထင်ရှားပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments