အက်စတွန် ဗီလာ အသင်းရဲ့ နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ က ဒီတစ်ပါတ် သောကြာနေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အိုးလ် ထရပ်ဖို့ဒ်မှာ ကစားရမယ့် ပွဲစဥ်အတွက်် စိတ်လှုပ်ရှားနေခဲ့ပြီး ဒီပွဲစဥ်ကိုကစားဖို့ ရှေးရှုနေတယ််လို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
အူနိုင်း အမ်မရီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဂျရတ်ကို ထုတ်ပယ်ခဲ့တဲ့ အက်စတွန် ဗီလာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ပြီး ပထမဦးဆုံး ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ခဲ့ရာ 3 – 1 ဆိုတဲ့ အနိုင် ရလဒ််ကို ဗီလာ ပါ့ခ် မှာ ရယူနိုင်ခဲ့ပါတယ် ။
အဲ့ဒီနောက်ပိုင်းမှာတော့ အက်စတွန်ဗီလာ အသင်းရဲ့ ရလဒ််တွေဟာ ဆက်တိုက် ဆိုသလို ကောင်းမွန်လာခဲ့ရပြီး အခုချိန်မှာတော့ သူတို့ဟာ အမှတ်ပေး ဇယား အဆင့် 5 နေရာ အထိ တက်လှမ်းထားနိုင်ခဲ့ကာ ဥရောပ ဝင်ခွင့် ရရှိဖို့ အလားအလာ ကောင်းနေခဲ့ပါပြီ ။

အခုတော့ ဖူလ်ဟမ် အသင်းကို အနိုင် ကစားခဲ့တဲ့ ပွဲစဥ် အပြီးမှာ အူနိုင်း အမ်မရီ က မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားရမယ့် ပွဲစဥ်ကို ရှေးရှု နေကြောင်း ၊ အိုးလ် ထရပ်ဖို့ဒ် မှ ပွဲစဥ်ကို ကစားရဖို့ စိတ်လှုပ်ရှားနေကြောင်း ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။
” ဖိအားတွေအောက် ကစားရတဲ့အခါ ကျွန်တော်တို့တွေ ရည်မှန်းချက် ကြီးမားဖို့ ၊ အမြင်မှန် ရှိနေကြဖို့ လိုအပ်လှပါတယ် ။ ကျွန်တော်ဟာ ဖိအားတွေကို မြတ်နိုးသူပါပဲ ။ ကျွန်တော်တို့ ဖိအားတွေအောက် ကစားရတဲ့အခါတွေမှာ လုပ်စရာရှိသေးတယ်လို့ အမြဲသတိရတတ်ကြတယ်လေ ”

” အခုတော့ ကျွန်တော်တို့ ဥရောပဝင်ခွင့် ရရှိဖို့ အတွက် အလားအလာတွေ ကောင်းမွန်နေခဲ့ပါပြီ ။ ကျွန်တော်တို့ အဆင့် 5 နေရာမှာပါ ။ ဒါပေမဲ့ လီဗာပူး နဲ့ တော့တင်ဟမ် တို့ထက် တစ်ပွဲစီ ပိုပြီးတော့ ကစားထားခဲ့ကြရပါတယ် ။ ဘရိုက်တန် ဆို ကျွန်တော်တို့ထက် 3 ပွဲတောင် လျော့ပါတယ် ”
” ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒီ အသင်းတွေနဲ့ ကစားသွားရဦးမှာပါ ။ ကျွန်တော်တို့ ဥရောပမှာ နေရာ တစ်ခု ရရှိနိုင်ဖို့ အတွက် လာမယ့် ပွဲတွေက အဓိကကျမယ်လို့ တွေးနေမိပါတယ် ။ အခုတော့ ကျွန်တော်ဟာ ယူနိုက်တက်နဲ့ ပွဲစဥ်ကို ပျော်ရွှင်ခံစားဖို့ ရှေးရှုနေပါတယ် ”

” ကျွန်တော် ဒီပွဲကို ကစားရဖို့ ကြိုတင်ပြင်ဆင်ရပါတော့မယ် ။ ဒီပွဲက အရင်လာမှာပါ ။ ဒီပွဲဟာ ကျွန်တော်တို့ရဲ့ ဥရောပ ဝင်ခွင့်အတွက် အရေးပါနေမှာပါ ။ ဒါကြောင့် ကျွန််တော် စိတ်တွေ အရမ်းလှုပ်ရှားနေပါတယ် ။ ပရိသတ်တွေဟာ ကျွန်တော်တို့နဲ့အတူ ရှိနေမှာပါ ”
” ဗီလာ ပါ့ခ်မှာ သူတို့တွေကို အနိုင်ရရှိခဲ့တာက တကယ့်ကို ကောင်းမွန်တဲ့ အမှတ်တရ တစ်ခုပါ ။ ဒါပေမဲ့ ဒီပွဲဟာ ခြားနားနေမှာပါ ။ ကျွန်တော်တို့ ဗီလာ ပါ့ခ်မှာ နိုင်ခဲ့ပေမဲ့ ကာရာဘောင်းမှာ သူတို့ကို ရှုံးခဲ့ကြတယ်လေ ” လို့ အမ်မရီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။






