Monday, February 9, 2026
spot_img
spot_img

‘တစ်ခါတစ်ရံ တချို့အရာတွေဟာ ကျနော်တို့အတွက် မဖြစ်နိုင်ပါဘူး’ ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က တချို့ အချိန်တွေမှာ လက်ရှောင်လိုက်ပြီး အခြားပစ်မှတ်တွေကို လိုက်တာ ပိုပြီး အဓိပ္ပာယ် ရှိတဲ့ အချိန်တွေ ရှိတယ်လို့ ဆိုလိုက်ပါတယ် ။ ယခုတစ်ပတ် အစောပိုင်းမှာ လီဗာပူးဟာ နွေရာသီမှာ ဒေါ့မွန် ကွင်းလယ်လူ ဂျူ့ဘယ်လင်ဟမ်ကို ခေါ်ယူရန် ကိစ္စကို လက်လျော့လိုက်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ အရေးနဲ့ ရင်ဆိုင်နေရတဲ့အပြင် စိတ်ပျက်စရာ ရာသီကြောင့် နွေရာသီမှာ ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်သွားရမယ့် လီဗာပူးဟာ ဘယ်လင်ဟမ် တစ်ဦးတည်းအတွက် ပြောင်းရွေ့ကြေး ပေါင်သန်း ၁၃၀ အပြင် ကစားသမားလစာ အေးဂျင့်ခ တွေလည်း ရှိနေတာကြောင့် ဒီလို ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဘယ်လင်ဟမ်ကို ခေါ်ယူရန် ကိစ္စကို လက်လျော့လိုက်တဲ့ အပေါ် မေးမြန်းခဲ့ရာမှာ ကလော့က “ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး။ ကျနော်တို့ဟာ ကိုယ်ခေါ်ယူမယ့် ဒါမှမဟုတ် မခေါ်ယူမယ့် ကစားသမား အကြောင်းကို ပြောလေ့ မရှိတာကြောင့် ဒီကိစ္စမှာလည်း ဘာပြောစရာမှ မရှိပါဘူး။” လို့ တုန့်ပြန်ခဲ့ပါတယ်။

အပြောင်းအရွေ့ဈေးကွက်မှာ ကလပ်ရဲ့ ဘဏ္ဍာရေးက အကန့်အသတ်‌တွေ ရှိနေတဲ့အပေါ် မေးရာမှာ ကလော့က “ကျနော်အခု ပြောတာက ဂျူ့ဘယ်လင်ဟမ်ရဲ့ ကိစ္စကို မရည်ရွယ်ပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ဟာ ဘာကြောင့် မဖြစ်နိုင်တဲ့ အရာတွေ အကြောင်း တောက်လျှောက် ပြောနေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ဥပမာအားဖြင့် ကျနော်တို့ဟာ နွေရာသီမှာ ပေါင်သန်း ၁၀၀ တန် ကစားသမား ခြောက်ယောက် မခေါ်ယူနိုင်ပါဘူး။

ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို ကိုယ်သဘောပေါက်ရမှာပါ။ ကိုယ်ရရှိမယ့် ပိုက်ဆံအတိုင်းအတာနဲ့ အလုပ်လုပ်ရမှာပါ။ ဒါဟာ ကျနော်တို့ လုပ်ရမယ့် အလုပ်ပါ။ ကျနော်တို့ဟာ ကလေးတွေ မဟုတ်ပါဘူး။ အကယ်၍ ခင်ဗျားက ငါးနှစ်အရွယ်ကလေးကို ဘာလိုချင်သလဲဆိုပြီး မေးလိုက်တယ်ဆိုပါတော့။ ကလေးက ဖာရာရီကား လိုချင်တယ်ဆိုရင် ခင်ဗျားက ဒါဟာ ကောင်းတဲ့ အိုင်ဒီယာပဲလို့တော့ ပြောမှာ မဟုတ်ပါဘူး။ ဒါဟာ တအားဈေးကြီးတယ်လို့ပဲ ပြန်ပြောမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီကလေးလည်း မောင်းလို့ မရပါဘူး။

ကျနော်တို့အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ အပေါ်မှာပဲ အလုပ်လုပ်သွားရမှာပါ။ ဒါဟာ ကျနော် အမြဲတမ်း အလုပ်လုပ်တဲ့ ပုံစံပါပဲ။ ကျနော်တို့အတွက် လိုအပ်တယ် လိုချင်တယ်ဆိုရင်တော့ အစွမ်းကုန်ရအောင် ကြိုးစားတာပါပဲ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့ အခြေအနေကို လက်ခံသွားရမယ့် အခိုက်အတန့်တွေ ရှိလာမှာပါ။

ဒါဟာ ကျနော်တို့အတွက် မဖြစ်နိုင်ဘူဆိုရင် လက်ရှောင်ပြီး တခြားအရာတွေ လုပ်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments