Thursday, January 22, 2026
spot_img
spot_img

ဆာလားကို ကလော့ ဘာပြောခဲ့သလဲဆိုတာ ထုတ်ဖော်လိုက်တဲ့ အန်တိုနီယို

၀က်ဟမ်း တိုက်စစ်မှုး မီချဲလ်အန်တိုနီယိုက ၀က်ဟမ်း ၂-၂ လီဗာပူး ပွဲစဉ်အတွင်းမှာ လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ မိုဆာလားကို အရန်ခုံကို ပြန်ပို့လိုက်ရမလားဆိုပြီး ခြိမ်းခြောက်ခဲ့တာကြောင့် ကွင်းဘေးစည်းမှာ အချင်းများခဲ့ကြတာ ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ဆာလားဟာ ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်စတေဒီယမ်မှာ ၀က်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲချိန် အတွင်းမှာ လူစား၀င်ရန် ပြင်ဆင်နေတဲ့ အချိန်အတွင်း ကလော့နဲ့ စကားများခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကလော့ဟာ ဒီကိစ္စကို အ၀တ်လဲခန်းအတွင်း အပြီးသတ် ဖြေရှင်းပြီးသွားပြီလို့ ဆိုခဲ့ပေမယ့် ဆာလားက ကွင်းထဲကနေ ထွက်ခွာလာချိန် Media zone မှာ ‘ဒီကိစ္စကို ဒီနေ့ပြောရင် မီးပွင့်သွားလိမ့်မယ်’ ဆိုပြီး ပြောခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ၀က်ဟမ်း အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အန်တိုနီယိုက အဆိုပါ အဖြစ်အပျက်နဲ့ ပက်သက်ပြီး ဖွင့်ချမှု လုပ်ခဲ့ကာ ၎င်းရဲ့ အသင်းဖော်တွေဟာ ဖြစ်ပျက်ခဲ့ပုံကို လေ့ကျင့်ရေးကွင်းမှာ ပြောနေခဲ့ကြတယ်လို့ ဆိုခဲ့ပါတယ်။

အန်တိုနီယိုက “အခြေခံအားဖြင့် ဆိုရင်တော့ ဒါဟာ လီဗာပူးရဲ့ အတွင်းပိုင်း သတင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းဖော်တွေ လေ့ကျင့်ရေးကွင်းမှာ ပြောနေခဲ့ကြတာကို ကျနော် ကြားရသလောက် ပြန်ပြောပြတာပါ။ ပုံမှန်အားဖြင့် ကစားသမားတွေ လူစားမ၀င်ခင်မှာ ကလော့ဟာ သူတို့ကို ဖက်လှဲတကင်း လုပ်ပြီး ကံကောင်းပါစေဆိုပြီး ဆန္ဒပြုလေ့ ရှိပါတယ်။

ဒါပေမယ့် အဲဒီနေ့က မိုဆာလားဟာ အရန်ခုံကနေ ထလာပြီးနောက် တခြား တဖက်ကို လျှောက်သွားခဲ့ကာ သူ့ရဲ့ shin-pads ကို တပ်ဆင်တာတို့ ဘာတို့ကို လုပ်ခဲ့ပါတယ်။ ကလော့ဟာ သူ့ရဲ့ လက်ကို ထုတ်ကာ မိုဆာလားကို ကမ်းပေးခဲ့ပြီး ပြန်လည် နှုတ်ဆက်မှုကို ရဖို့ အနည်းငယ်လေး စောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီနောက် ဆာလားဟာ သူလုပ်နေတာတွေကို ရပ်တန့်ဟာ ကလော့ရဲ့ လက်ကို ပုတ်လိုက်ပါတယ်။

ကလော့ဟာ ဒါမျိုး အပြုအမူကို မနှစ်သက်ပါဘူး။ အဲဒီနောက် ‘မင်းလူစား မ၀င်ချင်ဘူးလား?’ ‘ပြန်ထိုင်ချင်လို့လား?’ စတဲ့ပုံစံမျိုးကို ကပ်ပြီး သွားပြောခဲ့တယ်လို့ ထင်ပါတယ်။ မို ဘက်က ဘာပြန်ပြောသလဲ ဆိုတာကိုတော့ ဘယ်သူမှ ကျနော့်ကို မပြောခဲ့ပါဘူး။ အခြေအနေက အဲဒီလိုမျိုး ဖြစ်ခဲ့တာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆာလားဟာ ကလော့လိုပဲ ဒီနွေရာသီမှာ လီဗာပူး ကနေ ထွက်ခွာသွားဖို့ ရှိနေတယ်လို့ ဖော်ပြမှုတွေ ရှိနေပေမယ့်လည်း လီဗာပူးဘက်ကတော့ ဆာလား အနေနဲ့ လာမည့်ရာသီ ကလပ်မှာ ဆက်ရှိနေလိမ့်မယ်လို့ ယူဆထားပါတယ်။”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments