Thursday, January 15, 2026
spot_img
spot_img

ဆရာဟောင်း ပိုချက်တီနို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ အပေါ် မှတ်ချက်ပေးခဲ့တဲ့ ဟယ်ရီကိန်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ လန်ဒန်မြို့ခံပြိုင်ဖက် တော့တင်ဟမ် အသင်းရဲ့ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို လာမယ့် ဘောလုံးရာသီ ၄င်းတို့ရဲ့ တရားဝင် နည်းပြသစ် အဖြစ် ၂နှစ် စာချုပ် ( အပိုတနှစ်ချုပ်ခွင့် ) နဲ့ ခန့်အပ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

တချို့ သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ ပိုချက်တီနိုဟာ ချဲလ်ဆီးထံမှ နည်းပြရာထူး ကမ်းလှမ်းခံခဲ့ရစဉ် ၊ အသင်းဟောင်းထံမှ ကမ်းလှမ်းမှုကိုလည်း တပြိုင်တည်း စောင့်မျှော်ခဲ့ပေမယ့် ၊ တကယ်တမ်းမှာ တော့တင်ဟမ်ဖက်က ၄င်းကို ချဉ်းကပ်မှု လုံးဝ မလုပ်ခဲ့တာကြောင့် ခြင်္သေ့ပြာတို့နဲ့ လျင်လျင်မြန်မြန်ပဲ ပူးပေါင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ် ။

ချဲလ်ဆီးလောက်တော့ မဆိုးရွားခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီဟာလည်း တော့တင်ဟမ် အတွက် အတော်လေး ကမောက်ကမ နိုင်ခဲ့ပြီး ၊ ချဲလ်ဆီးထက် အဆင့် ရပ်တည်မှု ၄နေရာ အသာရခဲ့ပေမယ့် ၊ ဥရောပ ဝင်ခွင့်တော့ ၂သင်းလုံး အတူတူ မရခဲ့ကြပါဘူး ။

သို့ပေမယ့် ချဲလ်ဆီးဟာ ပြီးဆုံးခဲ့တဲ့ ရာသီက အမှားတွေကို ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် ဘောလုံးရာသီသစ် အတွက် အလားအလာရှိနိုင်တဲ့ အစီအစဉ်တွေ ကြိုဆွဲထားသလို ၊ ၄င်းတို့ရဲ့ ပရောဂျက်နဲ့ ကိုက်ညီမယ့် နည်းပြသစ်ကို တုန့်ဆိုင်းခြင်း မရှိပဲ တာဝန်ပေးထားပေမယ့် ၊ တော့တင်ဟမ်ကတော့ နည်းပြသစ် ရှာပုံတော် ခုထိ ထွက်လို့ မပြီးသေးပါဘူး ။

ဒါ့အပြင် နည်းပြသစ်က ဘယ်သူပဲ ဖြစ်လာပါစေ ၊ လက်ရှိ တော့တင်ဟမ်ရဲ့ အရေးအပါဆုံး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီ စျေးကွက်မှာ အသင်းပြောင်းဖို့ပဲ စိုင်းပြင်နေတာကို တွေ့ရပါတယ် ။ ကိန်းဟာ ဆရာဟောင်း ပိုချက်တီနိုနဲ့ ပြန်ဆုံနိုင်သေးတယ်လို့ ထင်ကြေးပေးတာတွေ ရှိပေမယ့် ၊ လက်တွေ့မှာတော့ ဒါဘီပြိုင်ဖက် မဟုတ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့သာ ပိုပြီး သတင်းထွက်ထားပါတယ် ။

လောလောဆယ် အမေရိကန်မှာ ပွဲလှုပ်ရှားမှု တခု လုပ်နေတဲ့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ကိန်းက သူ့ရဲ့ ဆရာဟောင်း ပိုချက်တီနို ချဲလ်ဆီး နည်းပြသစ် ဖြစ်လာခြင်းကို Reuter သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ကိန်း က ” မော်ရစ်စီယိုဟာ ကျွန်တော့ အတွက် အံ့သြဖွယ် မန်နေဂျာ တဦး ဖြစ်ခဲ့ပါတယ် ။ ကြီးကျယ်တဲ့ ပုဂ္ဂိုလ် ၊ ကြီးကျယ်တဲ့ နည်းပြ တဦးပါ ။ ကျွန်တော် အခုလို ဒီနေရာမျိုး ရောက်လာအောင် သူ ကူညီပေးခဲ့တာပါ ။ ဒီတော့ ကျွန်တော် သူ့ကို အမှန်တကယ် ကျေးဇူးတင်မိပါတယ် ။ ”

” လူတိုင်းမှာ ကိုယ်ပိုင် အလုပ်အကိုင် ၊ ကိုယ်ပိုင် အနာဂတ် ကိုယ်စီ ရှိကြပါတယ် ။ ဒီတော့ ကျွန်တော့ဖက်က ပြောနိုင်တာက သူ့အတွက် အကောင်းဆုံး ဖြစ်ပါစေပေါ့ ။ သူ ချဲလ်ဆီးမှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ သူ လုပ်ပြခဲ့သလောက်အထိ မကောင်းဖို့လည်း မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အသက် ၂၉နှစ် အရွယ်ရှိ ကိန်းဟာ ၂၀၁၃ မှာ လက်စတာဆီ အငှားထွက်ခဲ့ရာမှ ပြန်ရောက်လာပြီးနောက် စီနီယာ ကစားခွင့်ကို ရရှိခဲ့ပြီး ၊ နောက်တရာသီမှာ ပိုချက်တီနိုနဲ့ လက်တွဲခဲ့ကာ ၊ ၄င်းရဲ့ လက်ထက်မှာ တဟုန်ထိုး တောက်ပလာခဲ့ပါတယ် ။ ဒါ့အပြင် ယင်းအာဂျင်တိုင်းသားဟာ တော့တင်ဟမ်ကို ပရီးမီးယားလိဂ် ဖလား ၂ကြိမ်တိတိ စိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ဆီလည်း ပို့ဆောင်ပေးခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments