Tuesday, January 13, 2026
spot_img
spot_img

စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲကစားသူအဖြစ် အေစီမီလန်ကွင်းလယ်လူ ကာမာဒါစံချိန်တင်

နိုဝင်ဘာ (၂၆)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစီးရီးအေပွဲစဉ် (၁၃) အေစီမီလန် (၁-ဝ) ဖီအိုရင်တီးနားပွဲစဉ်တွင် ပွဲချိန် (၈၃)မိနစ်၌ လူကာယိုဗစ်အစား လူစားဝင်ကစားခဲ့သည့် အေစီမီလန်ဆယ်ကျော်သက်တိုက်စစ်မှူး ကာမာဒါသည် အသက် (၁၅)နှစ်၊ (၂၆၀) ရက်ဖြင့် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲကစားခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

အသက် (၇)နှစ်အရွယ် ၂၀၁၅ ခုနှစ်တွင် အေစီမီလန်အကယ်ဒမီသို့ရောက်ရှိလာခဲ့သည့် ကာမာဒါသည် အေစီမီလန်လူငယ်အသင်းများတွင် အကောင်းဆုံးခြေစွမ်းပြပြီး၊ ဂိုးများစွာသွင်းယူနိုင်ခဲ့သည့်အတွက် အသက် (၁၅) နှစ်ကျော်အရွယ်မှာပင် အသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ယခင် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲကစားခွင့် ရရှိသူအဖြစ် စံချိန်တင်ထားသူမှာ ဘိုလော့ဂ်နာအသင်းမှ အီတလီလူငယ်နောက်ခံလူ ဝစ်ဒမ်အာမေ (၁၅ နှစ်၊ ၂၇၄ ရက်/၂၀၂၁ ခုနှစ်)ဖြစ်ပြီး ယခုအခါကာမာ ဒါက ယင်းစံချိန်ကို (၁၄)ရက်အသာဖြင့် ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။

ကာမာဒါသည် လူငယ်ကစားသမားဘ၀ ပြိုင်ပွဲစုံ (၈၉)ပွဲကစားခဲ့ရာတွင် (၄၈၅)ဂိုးအထိသွင်း ယူနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ (၅.၅) ဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments