Wednesday, January 14, 2026
spot_img
spot_img

စီရော်နယ်လ်ဒို၊ ယူရိုနဲ့ မအိုသေးတဲ့ စံချိန်

စီရော်နယ်လ်ဒို မအိုသေးဘူး။ ယူရို၂၀၂၄ ကို အားကောင်းမောင်းသန်ဆင်နွှဲချင်နေသေးတယ်။ တကယ်ဆိုရင် ယူရိုပြိုင်ပွဲက စီရော်နယ်လ်ဒိုအတွက် သိပ်ပြီးရင်ခုန်စရာမဟုတ်တော့ဘူး။ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် (ခြေစစ်ပွဲအပါအဝင်)သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင် ပြီးပြီ။ ၂၀၁၆ ခုနှစ်မှာ ယူရိုချန်ပီယံဆုပိုင်ဆိုင်ပြီးပြီ။

အသက် လေးဆယ်နားကပ်နေတဲ့ ကစားသမားတစ်ဦးအတွက် ယူရိုပြိုင်ပွဲဟာ လွှတ်ချမယ်ဆိုရင် လွှတ်ချလို့ရနေပါပြီ။ ဒါပေမဲ့စီရော်နယ်လ်ဒို မဟုတ်လား။ သူ့ရဲ့လောဘတကြီး အောင်ပွဲဆာလောင်စိတ်က မကုန်နိုင်မခမ်းနိုင်သေးဘူး။ ဟိုတလောက ဆော်ဒီဖလားဖိုင်နယ်မှာ ကလေးတစ်ယောက်လို ငိုခဲ့သေးတယ်။ မလိုသူတွေက စီရော်နယ်လ်ဒို Drama တွေခင်းပြန်ပြီဆိုပြီး ထင်ကြမှာပဲ။ တကယ်တော့ စီရော်နယ်လ်ဒိုကနိုင်လိုစိတ် သိပ်ပြီးပြင်းထန်နေတာပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments