Monday, February 9, 2026
spot_img
spot_img

စီရော်နယ်လ်ဒိုကို မန်ယူအသင်း ရောင်းထုတ်သင့်သည်ဟု ရွန်နီ အကြံပြု

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ရွန်နီက လက်ရှိအသင်းအနေဖြင့် လမ်းခွဲရန် ဆန္ဒရှိနေသည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ရောင်းထုတ်သင့်သည်ဟု အကြံပြုခဲ့သည်။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသည့် ရွန်နီက The Times ၌ ယင်းကဲ့သို့ရေးသားကာ အကြံပြုခဲ့ခြင်းဖြစ်သည်။

ရွန်နီက ”ကျွန်တော်ကတော့ မန်ယူအသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။ တန်ဟက်ဂ်ရဲ့အသင်းမှာ သူ ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလအမြင်အရတော့ မန်ယူအသင်းက လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါကြောင့် လာမယ့် (၃)နှစ်ကနေ (၄)နှစ်အတွင်း ချန်ပီယံဆုရယူနိုင်မယ့်အသင်းတစ်သင်းကို ရည်ရွယ်တည်ဆောက်သင့်ပါတယ်။ သတင်းတွေထွက်နေတဲ့အတိုင်း စီရော်နယ်လ်ဒို အသင်းက ထွက်ခွာချင်နေတယ်ဆိုရင် ခွင့်ပြုသင့်ပါတယ်။ ပြီးတော့ နောက်(၃)နှစ် ဒါမှမဟုတ် (၄)နှစ်လောက် အသုံးပြုနိုင်မယ့် နံပါတ်(၉)တစ်ယောက် ခေါ်ယူသင့်ပါတယ်။ ပြီးရင် တန်ဟက်ဂ်ကို အချိန်ပေးပြီး တည်ဆောက်သွားသင့်ပါတယ်”ဟု ရေးသားခဲ့သည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းထံ ထွက်ခွာခွင့်တောင်းခဲ့သော်လည်း နည်းပြ တန်ဟက်ဂ်က ၎င်း၏ စီမံကိန်းတွင် ပါဝင်သည်ဟု ပြောကြားခဲ့သည့်အတွက် မန်ယူအသင်းက စီရော်နယ်လ်ဒိုကို ဆက်ထိန်းထားခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments