Saturday, February 7, 2026
spot_img
spot_img

ဂန်းနားတို့ရဲ့ ထိပ်တန်း ပစ်မှတ် ကို ကြားဖြတ် ခေါ်ယူနိုင်ဖို့ ငွေကြေး အမြောက်အများ နဲ့ ကမ်းလှမ်းသွားမယ့် ဂျာမန် ဘီလူကြီး

ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ဂျာမန် ဘွန်ဒက်စ်လီဂါ ရဲ့ ၁၁ နှစ်ဆက် ချန်ပီယံ အဖြစ် အောင်ပွဲ ခံ နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ စိတ်ဝင် စားနေပြီး ပေါင် ၉၅ သန်းတန် package နဲ့ ကမ်းလှမ်းမှု ပြုလုပ် သွားမယ်လို့ Mirror Football က ရေးသား ဖော်ပြ လိုက်ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ဒီကလန်ရိုက်စ် အတွက် သူတို့ လိုချင်တဲ့ ငွေကြေး ပမာဏ ကိုသာ ရပါက လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာခွင့် ပြုသွားမှာ ဖြစ်ပါတယ် ။ ဝက်စ်ဟမ်း အသင်းဟာ ရိုက်စ် အတွက် ဗြိတိန် စံချိန်တင် ​ပြောင်းရွှေ့ကြေး အလို ရှိနေပါတယ် ၊ အင်္ဂလန်သားကို ခေါ်ယူဖို့ အာဆင်နယ် ၊ ချဲလ်ဆီး အပြင် ဘိုင်ယန်မြူးနစ် အသင်းကပါ စိတ်ဝင်စားမှု ရှိလာတာပါ ။

ဘိုင်ယန်မြူးနစ် နည်းပြ တူချယ် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုက်စ် နဲ့ ဆွေးနွေး ပြောဆိုမှု တွေ ရှိခဲ့ပြီး ဥရောပ ထိပ်တန်း အသင်းကြီး တစ်သင်းကို ပြောင်းရွှေ့ ကစားရမယ် ဆိုတဲ့ အချက်ဟာ ရိုက်စ် အပေါ် ဆွဲဆောင်မှု ရှိနေပါတယ် ။ တူချယ် နှင့် ရိုက်စ် တို့ရဲ့ ဖုန်းပြောဆိုမှု ဟာ အပေါင်း လက္ခဏာဆောင်ခဲ့ပြီးး ရိုက်စ် ဘက်က ဘိုင်ယန်မြူးနစ် ဆီ ပြောင်းဖို့ လမ်းဖွင့် ထားတယ်လို့ သိရပါတယ် ။

တစ်ဖက်မှာလည်း အာဆင်နယ် အသင်းဟာ ရိုက်စ် အတွက် ဝက်စ်ဟမ်း လိုချင်နေတဲ့ ပမာဏ ကို ပေးချေချင် သလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာလည်း ကိုင်စီဒို အတွက် ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ဘရိုက်တန် အသင်းရဲ့ ငြင်းဆန် ပယ်ချ ခံခဲ့ရသလို တောင်ပံ ပစ်မှတ် မူဒရစ်ခ် ကိုလည်း ချဲလ်ဆီး အသင်းထံ လက်လွှတ် ခဲ့ရပါတယ် ။

သို့သော်လည်း အာဆင်နယ် ပရိသတ်တွေ အတွက် သတင်းကောင်းကတော့ ရိုက်စ် ရဲ့ ဦးစားပေး ကလပ် ဟာ အာဆင်နယ် အသင်း ဖြစ်တယ်လို့ သတင်းထောက် အတော်များများ ရေးသား ဖော်​ပြ ထားတာပါပဲ ။ ရိုက်စ် ကတော့ လက်ရှိ အချိန်မှာ အသင်းပြောင်းဖို့ ကိစ္စ ကို မစဉ်းစားထားကြောင်း ပြောထားပြီး ဝက်စ်ဟမ်း အသင်း နဲ့ အတူ ကွန်းဖရန့်လိဂ် ဖလား ရယူ နိုင်ရေးကိုပဲ အာရုံစိုက် ထားတယ်လို့ ဆိုပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments