Thursday, January 15, 2026
spot_img
spot_img

ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ မပါဝင်တဲ့ ကင်းမစ်ရှ် ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားတဲ့ အသင်း ငါးသင်း ထွက်ပေါ်လာ

ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကြယ်ပွင့် ကင်းမစ်ရှ် ဟာ လာမယ့် ‌နွေရာသီမှာ အသင်း ပြောင်းရွှေ့ ကစားတော့မှာ ဖြစ်ပြီး သူ့ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက အသင်းကြီး ငါးသင်းဆီ ပြောင်းရွှေ့ ကစားဖို့ လမ်းဖွင့် ထားတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

ဂျာမန် ထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းဟာ လာမယ့် နွေရာသီမှာ ကင်းမစ်ရှ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရောက်လာပါက ရောင်းထုတ် သွားတော့မှာ ဖြစ်ပါတယ် ။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး အဖြစ် သတ်မှတ် ခံထားရတဲ့ ကင်းမစ်ရှ် ကလည်း ခေါ်ချင်တဲ့ အသင်းတွေနဲ့ ဆွေးနွေး စကားပြောဖို့ အသင့် ရှိနေပါတယ် ။

‌ဒါပေမဲ့ ကင်းမစ်ရှ် ပြောင်းရွှေ့ကစားချင်တဲ့ အသင်းက ငါးသင်းသာ ရှိပြီး မန်စီးတီး ၊ လီဗာပူး ၊ အာဆင်နယ် ၊ ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာ တို့ ဖြစ်ပါတယ် ။ အဲ့ဒီ အသင်း ငါးသင်းထဲက တစ်ချို့ အသင်းတွေဟာ ကင်းမစ်ရှ် ကို ဆက်သွယ် ချိတ်ဆက် ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ် ။

အသက် ၂၉ နှစ် အရွယ် ကင်းမစ်ရှ် အနေနနဲ့ ချဲလ်ဆီး ၊ မန်ယူနိုက်တက် နှင့် ပီအက်စ်ဂျီ တို့ကို ပြောင်းရွှေ့ ကစားဖို့တော့ လုံးဝ ဆန္ဒ မရှိပါဘူး ။ နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကင်းမစ်ရှ် ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမယ့် ဂျာမန်သား ဟာ ရာသီဝက်မှာ အသင်းကနေ မထွက်ခွာ ချင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်းတော့ မရှိပါဘူး ။

ကင်းမစ်ရှ် ဟာ ဘိုင်ယန်မြူးနစ် အသင်း အတွက် စုစုပေါင်း ၃၇၈ ပွဲ ကစားထားပြီး ၄၁ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၀၂ ကြိမ် အထိ ပြုလုပ် ထားနိုင်ပါတယ် ။ ကင်းမစ်ရှ် ဟာ လာမယ့် ၂၀၂၅ ခုနှစ် ၊ နွေရာသီမှာ ဘိုင်ယန်မြူးနစ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments