Monday, February 9, 2026
spot_img
spot_img

ချဲလ်ဆီး အတွက် ပထမဆုံးသွင်းဂိုး ရရှိခဲ့ပြီးနောက် ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ မူဒရစ်

ချဲလ်ဆီး အသင်းရဲ့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ကစားသွားတဲ့ ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန် ခရီးစဉ် ရာသီကြို ခြေစမ်းပွဲမှာ ပထမဆုံး သွင်းဂိုး လှလှပပ ရယူသွားနိုင်ခဲ့ပါတယ် ။

အသက် ၂၂နှစ် အရွယ်ရှိ မူဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက် တခုလုံး သွင်းဂိုး တဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ၊ အခုလို နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို လက်ထက် ရာသီကြို ပြင်ဆင်မှုမှာ ရက်အနည်းငယ်ကြာသာ ပူးပေါင်းခဲ့ရပေမယ့် ၊ လျင်လျင်မြန်မြန် ဂိုးစသွင်းနိုင်လိုက်တာ ဖြစ်ပါတယ် ။

မူဒရစ်ဟာ ထိုပွဲမှာ ဒုတိယပိုင်း စစချင်း လူစားဝင်ခွင့် ရခဲ့တာ ဖြစ်ပြီး ၊ ဘရိုက်တန်ဖက်က ဗဟိုခံစစ်မှူး ဗန်ဟက်ကီ ၂ဝါတနီနဲ့ အထုတ်ခံခဲ့ရအပြီး မိနစ်အနည်းငယ် အကြာမှာ အသင်းဖော် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်နဲ့ နားလည်မှု ရှိတဲ့ အချိတ်အဆက်ကနေ လှပတဲ့ screamer ကန်ချက်နဲ့ ဂိုးသွင်းသွားနိုင်ခဲ့ပါတယ် ။

ယူရိုသန်း ၇၀ ပေးချေထားရတာကြောင့် ပရိသတ်တွေက ၄င်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီမှာ အများကြီး မဟုတ်ရင်တောင် ခြေစွမ်း အသင့်အတင့် ပြနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ၊ ယင်းယူကရိန်းသားဟာ အခြားသော ချဲလ်ဆီး အသင်းသား အများစုလို ဆိုးရွားတဲ့ နှစ်တနှစ်မှာ လုံးလည်ချာလည် လိုက်ခဲ့ပါတယ် ။

ူသို့ပေမယ့် ရာသီသစ် မစတင်မီ စီမံကိန်း တိတိကျကျ ရှိတဲ့ နည်းပြသစ် တဦးရဲ့ လက်အောက်မှာ လေ့ကျင့်နေရသလို ၊ နိုင်ငံတကာပွဲတွေမှာ ခြေစွမ်းကောင်း တချို့ ပြသထားနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်ကြောင့် မူဒရစ်ဟာ အခုလို သူ့ရဲ့ ရာသီကြို ခြေစမ်းပွဲက ပထမဆုံး မိနစ်တွေမှာ ခြေစွမ်းတန်းပြနေတာကို တွေ့ရပါတယ် ။

ဘရိုက်တန်နဲ့ ပွဲအပြီး အင်တာဗျူး တခုမှာ မူဒရစ်က သူဟာ ပိုင်ဆိုင်ထားတဲ့ အလားအလာရဲ့ ၂၀ရာခိုင်နှုန်း အထိသာ ရောက်သေးကြောင်း ပရိသတ်တွေထံ မက်ဆေ့ခ်ျ ပေးရင်း ၊ အင်္ဂလန်နဲ့ ပရီးမီးယားလိဂ်မှာ အခြေချတဲ့ ပထမဆုံး ရာသီ အတွင်း သူ့အတွက် အချိန် လိုအပ်ခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

မူဒရစ် က ” ဒါက ကျွန်တော့ရဲ့ အလားအလာအားလုံး မဟုတ်သေးပါဘူး ။ ဒါက ၂၀ရာခိုင်နှုန်းသာ ရှိပါသေးတယ် ။ အခုလို ဂိုးစသွင်းနိုင်လိုက်တာကြောင့် ကြိုးစားအားထုတ်ခဲ့တဲ့ အရာအားလုံး အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ”

” ကျွန်တော် ဒီဂိုးကို ကန်ထည့်ခဲ့တုန်းက ကျွန်တော် ဘာမှ စဉ်းစားတွေဝေမနေခဲ့ပါဘူး ။ ကျွန်တော်ဟာ ဒီလို သွင်းဂိုးမျိုး သွင်းနိုင်ဖို့ ထရိန်နင်မှာ အများကြီး လေ့ကျင့်ခဲ့ပါတယ် ။ ဒါက ထရိန်နင်ကနေ လာခဲ့တာပါ ။ ပြီးခဲ့တဲ့ ရာသီဟာ လေ့လာသင်ယူတဲ့ အချိန်ကာလ ဖြစ်ခဲ့ပါတယ် ။ ”

” လူတွေဟာ ကစားသမား တယောက်ယောက်ဆီကနေ အများကြီး မျှော်မှန်းထားပြီး ၊ ထင်ထားသလို ဖြစ်မလာရင် ၊ ဒါက ကစားသမားရဲ့ ပြဿနာဆိုပြီး လက်ညှိုးထိုးကြပါတယ် ။ ဘာလို့လဲဆိုတော့ သူက မျှော်မှန်းထားခံရတာကြောင့်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments