Monday, February 9, 2026
spot_img
spot_img

ချဲလ်ဆီးသို့ ပြောင်းရွှေ့ရေးကို ဘာပေအနေဖြင့် လေးလေးနက်နက်စဉ်းစားရန် မာလူဒါတိုက်တွန်းပြောဆို

ဘာပေအနေဖြင့် ရီးရဲမက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရေးကို မေ့ပစ်ပြီးချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့သင့်ကြောင်း ပြင်သစ်နှင့် ချဲလ်ဆီးအသင်းသားဟောင်း မာလူဒါက ပြောဆိုလိုက်သည်။ ဘာပေသည် ပီအက်စ်ဂျီအသင်းနှင့် ၂၀၂၄ အထိစာချုပ်သက်တမ်းရှိနေသည်။ ဘာပေသည် လာမည့်နွေရာသီတွင် ပဲရစ်အခြေစိုက်ကလပ်အသင်းနှင့် စာချုပ်သက်တမ်းတိုးမည်လားဆိုသည်ကို ဆုံးဖြတ်ရမည့်အနေအထားတွင် ရှိနေသည်။

ဘာပေသည် ၂၀၁၈ ကမ္ဘာ့ဖလားကို ရယူထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားတွင် ပြင်သစ်နှင့်အတူ ဒုတိယဆုရရှိခဲ့သလို လီဂူဝမ်းချန်ပီယံဆုကိုလည်း ၅ ကြိမ်ရရှိထားသည်။ ပြီးခဲ့သည့်နွေရာသီတွင် အပြောင်းအရွှေ့ပျက်ခဲ့သော်လည်း စပိန်အသင်းကြီးက ဘာပေကို လိုချင်နေဆဲဖြစ်သည်။

ချဲလ်ဆီးတွင် ၂၀၀၇ မှ ၂၀၁၃ အထိကစားခဲ့သော တောင်ပံကစားသမားဟောင်းမာလူဒါက ဘာပေအနေဖြင့် ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ရေးကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း ချဲလ်ဆီးသည် ဘာပေကို ဝန်းရံ၍ အသင်းကောင်းတစ်သင်းကိုတည်ဆောင်နိုင်ရန် အခြေခံများရှိကြောင်း ပြောဆိုလိုက်သည်။

အသက် ၄၂ နှစ်ရှိပြီဖြစ်သော မာလူဒါက “ဘာပေကို ချဲလ်ဆီးအသင်းကို ရောက်ရှိရေး ကျွန်တော် ကြိုးစားနေတာကြာနေပါပြီ။ အခုထိမအောင်မြင်သေးပေမယ့် ဆက်ပြီးကြိုးစားနေပါတယ်။ သူ့ကို ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားနေတာကို တစ်ချိန်မှာ တွေ့ချင်ပါတယ်။ ဘာပေလိုချင်တာကို ပေးနိုင်ပြီး သူ့ကို ဝန်းရံလို့ အသင်းတစ်သင်းတည်ဆောက်နိုင်တဲ့ ကလပ်အသင်းက အများကြီးမရှိပါဘူး။ သူကပြင်သစ်အသင်းမှာ ခေါင်းဆောင်ဖြစ်ပြီး နောက်ထပ် ဘယ်အသင်းကို ရောက်သည်ဖြစ်ပါစေ ခေါင်းဆောင်တဲ့ အခန်းကဏ္ဍကိုပဲ ယူမှာဖြစ်ပါတယ်။ ဒါကလည်း တခါတလေပြဿနာဖြစ်လာနိုင်တယ်”ဟု မာလူဒါကပြောဆိုလိုက်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments