Monday, February 9, 2026
spot_img
spot_img

ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ် တူချယ် နှင့် ပြန်လည်ဆုံစည်းရန် ဘိုင်ယန်မြူးနစ်အသင်းမှာ အံ့မခန်းအပြောင်းအရွှေ့အတွက် မေဆင်မောင့် တန်းစီနေ

သောမတ်စ်တူချယ် သည် မေဆင်မောင့်ကို ခေါ်ယူရန်အတွက် သူ၏အသင်းဟောင်း ချဲလ်ဆီးကို ဝင်မွှေရန် အဆင်သင့်ဖြစ်နေပါပြီ။ စက်တင်ဘာလတွင် ချဲလ်ဆီးအသင်းမှ ထုတ်ပယ်ခံရပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းတွင် နည်းပြချုပ်အဖြစ် ပူးပေါင်းနေပြီဖြစ်သည်။ တူချယ် သည် စတန်းဖိုဒ်ဘရစ်ချ်တွင် စာချုပ်သက်တမ်းကျန်ရှိနေသော မတည်မငြိမ်ဖြစ်နေသည့် မေဆင်မောင့် ၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်။

ဥရောပချန်ပီယံ ခြောက်ကြိမ်ရှိ ချန်ပီယံ ဘိုင်ယန်သည် နွေရာသီတွင် စာချုပ်တစ်ခု ချုပ်ဆိုနိုင်ရန် ချဲလ်ဆီးဥက္ကဋ္ဌ Todd Boehly ကို ချဉ်းကပ်မည်ဟု အစောပိုင်းထင်ကြေးများလည်း ရှိနေသည်။ ယခုချိန်ထိတော့ နှစ်သင်းအကြား အဆက်အသွယ်မရှိသေးပါဘူး။ အသက် ၂၄ နှစ်ရှိ မေဆင်မောင့်သည် စတန်းဖိုဒ်ဘရစ်ချ်တွင် ဂျာမန်သားတို၏ ၁၈ လတာကာလအတွင်း သူအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်သည်။ အဆိုပါ ကစားသမားသည် ၎င်း၏ လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်ကျော်သာ ကျန်ရှိတော့ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုများ ရပ်တန့်သွားခဲ့သည်။

မောင့် သည် လက်ရှိတွင် ပေါင်ခြံဒဏ်ရာမှ ပြန်လည်သက်သာလာသော်လည်း စနေနေ့ည ပရီးမီးယားလိဂ်အိမ်ကွင်းတွင် အက်စတွန်ဗီလာနှင့် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုရရှိရန် မျှော်လင့်နေသည်။ လက်ရှိအချိန်မှာတော့ သူဟာ အသင်းထဲကို ပြန်လည်ဝင်ရောက်လာရန်နှင့် ရာသီလက်ကျန် နှစ်လအတွင်းမှာ ချဲလ်ဆီးအသင်းအတွက် အတတ်နိုင်ဆုံး ပွဲများများကစားရန် အနှောင့်အယှက်များကို ရှောင်ရှားလိုနေပါသည်။

မောင့်သည် အသက်ခြောက်နှစ်ကတည်းက ချဲလ်ဆီးအသင်းနှင့် လက်တွဲခဲ့သော်လည်း စာချုပ်သစ်အတွက် ညှိနှိင်းမှုများ ခက်ခဲလျက်ရှိသည်။ သူသည် ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူ၊ လီဗာပူး နှင့် အာဆင်နယ်တိုနှင့် ချိတ်ဆက်မှုရှိထားပြီးသားပါ။ အကယ်၍ အဖြေမထွက်ပါက ချဲလ်ဆီးအသင်းသည် သူ့ကို ပရီးမီးယားလိဂ်တွင် ရင်ဆိုင်ရခြင်းမှ ရှောင်ရှားရန် အင်္ဂလန်အသင်းများထက် ပြည်ပကလပ်တစ်ခုသို ရောင်းချရန် ရွေးချယ်ကောင်းရွေးချယ်နိုင်ပေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments