ဝက်ဖို့ဒ်အသင်းသည် ခရိုအေးရှားလက်ရွေးစင်နည်းပြဟောင်း ဘီလစ်ကို နည်းပြသစ်အဖြစ် (၁၈)လစာချုပ်ဖြင့် ခန့်အပ်လိုက်ကြောင်း သိရသည်။
ဘီလစ်(၅၄ နှစ်)သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ခရိုအေးရှားအသင်း တတိယဆုရရှိခဲ့ သည့် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အဓိကနောက်ခံလူ တစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူဖြစ်သည်။
ဘီလစ်သည် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် နည်းပြဘဝသို့ ကူးပြောင်းခဲ့ရာတွင် ခရိုအေးရှားလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးသလို၊ ဝက်စ်ဟမ်းအသင်း၏နည်းပြအဖြစ် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ဖူးသူလည်းဖြစ်သည်။
နောက်ဆုံးကိုင်တွယ်ခဲ့သည့်အသင်းမှာ တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ် အသင်းဖြစ်ပြီး ဇန်နဝါရီလတွင် လမ်းခွဲခဲ့ပြီးနောက် ယခုအခါ လိဂ်ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်အသင်းနှင့် လက်တွဲခဲ့ခြင်း ဖြစ်သည်။
ဝက်ဖို့ဒ်အသင်းသည် တစ်နှစ်အတွင်း နည်းပြ (၅)ဦးအထိ အပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်သည်။






