နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က လာမည့်နွေရာသီတွင် အသင်းမှ ကြယ်ပွင့်ကစားသမားများကို ရောင်းထုတ်နိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
နာပိုလီအသင်းသည် ယခုရာသီတွင် စီးရီးအေချန်ပီယံဆုကို နှစ်ပေါင်း(၃၃)နှစ် ကြာမှ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းပြခဲ့သည့်ကစားသမားများကို ဥရောပထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ယင်းအခြေအနေတွင်ဒီလော်ရန်းတစ်က အသင်း၏အောင်ပွဲမှာ ကစားသမားတစ်ဦးတစ်ယောက်တည်းအပေါ်တွင် မူတည်ခြင်းမရှိသောကြောင့် ကြယ်ပွင့်ကစားသမားများကို ရောင်းထုတ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။







