Saturday, February 7, 2026
spot_img
spot_img

ကလပ်အသင်းအလိုက် ပွဲထွက်စာရင်းတွင် မန်စီးတီးအသင်း တန်ဖိုးအမြင့်ဆုံးဟု CIES ဖော်ပြ

ဥရောပထိပ်သီးလိဂ် ငါးခုရှိ ကလပ်အ သင်းအလိုက် ပွဲထွက်စာရင်း၏တန်ဖိုးတွက်ချက်မှုတွင် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း ဆွစ်ဇာလန်အခြေစိုက် နိုင်ငံတကာအားကစားသုတေသနအဖွဲ့အစည်း (CIES) က ဖော်ပြခဲ့သည်။

CIES သည် ၂၀၂၂-၂၃ ဘောလုံးရာသီ အောက်တိုဘာလ ၂၆ ရက် ပွဲစဉ်များအပြီး ထိ ပွဲထွက်စာရင်းများကို အခြေခံကာ ပျမ်းမျှတွက်ချက်ထားခြင်းဖြစ်သည်။ ယင်းစစ်တမ်းတွင် မန်စီးတီးအသင်းက ပေါင် ၅၆၀ သန်း ဝန်းကျင်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ဂရီးလစ်ရှ် ကို အက်စတွန်ဗီလာအသင်းမှ ခေါ်ယူရာတွင် ပေါင် သန်း ၁၀၀ ကုန်ကျခဲ့သည်မှအပ အခြားထိပ်တန်းကစားသမားများ ခေါ်ယူမှုတွင် ပေါင် သန်း ၅၀ မှ ၆၀ အကြားသာ ပုံမှန်သုံးစွဲခဲ့ရသည်။

ဒီဘရိုင်းနား၊ ဒီယက်စ်၊ မာရက်ဇ်၊ ကန်ဆယ်လို၊ လာပေါ့တ်၊ ရိုဒရီနှင့် နောက်ဆုံး ဟော်လန်းတို့အတွက် ယင်းပမာဏအတွင်းသာ ကုန်ကျခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ဒုတိယ၊ တတိယနေရာများမှ PSG နှင့် မန်ယူအသင်းထက် ပွဲထွက်လူစာရင်း ပျမ်းမျှတန်ဖိုးမှာ ပေါင် သန်း ၁၀၀ ကျော် သာလွန်ခဲ့သည်။ PSG အသင်းက ပေါင် ၄၃၉ သန်း၊ မန်ယူအသင်းက ပေါင် ၄၁၃ သန်း ရှိခဲ့ သည်။ ထိပ်ဆုံးခြောက်သင်းတွင် ပရီးမီးယားလိဂ်ပြင်ပမှ PSG တစ်သင်းသာ ပါဝင်ခဲ့ပြီး လီဗာပူးလ်အသင်းက ပေါင် ၃၅၂ သန်း၊ ချယ်လ်ဆီးအသင်းက ပေါင် ၃၃၈ သန်း၊ အာဆင်နယ်အသင်းက ပေါင် ၃၂၉ သန်းတို့ဖြင့် အဆင့် သုံး၊ လေး၊ ငါးနေရာများ၌ ရှိနေခဲ့ကြသည်။

ထိပ်ဆုံးအသင်း ၂၀ စာရင်းတွင် ရီးယဲလ်မက်ဒရစ်(ပေါင် ၃၁၈ သန်း)၊ ဘာစီလိုနာ (ပေါင် ၂၈၇ သန်း)၊ ဂျူဗင်တပ်စ်(ပေါင် ၂၅၈ သန်း)၊ ဘိုင်ယန်မြူးနစ်(ပေါင် ၂၅၃ သန်း)၊ နယူးကာဆယ်(ပေါင် ၂၂၁ သန်း)၊ အက်သလက်တီကို(ပေါင် ၂၁၆ သန်း)၊ စပါး(ပေါင် ၁၉၈ သန်း)၊ နာပိုလီ(ပေါင် ၁၉၆ သန်း)၊ အက်စတွန်ဗီလာ(ပေါင် ၁၈၂ သန်း)၊ ဝုလ်ဗ်(ပေါင် ၁၇၄ သန်း)၊ ဝက်စ်ဟမ်း(ပေါင် ၁၇၁ သန်း)၊ လိဒ်စ်(ပေါင် ၁၆၃ သန်း)၊ ဒေါ့မွန်(၁၆၂ သန်း)၊ လက်စတာ(၁၅၅ သန်း)တို့ အစဉ်လိုက်ရပ်တည်ခဲ့သည်။ ထိပ်ဆုံး ၂၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ် ၂၀ သင်းမှ ၁၂ သင်းအထိ ပါဝင်ခဲ့ကြသည်။

ပွဲစဉ်တစ်ပွဲချင်းအလိုက် ပွဲထွက်လူစာရင်းတန်ဖိုးအမြင့်ဆုံးစာရင်း တွင်လည်း မန်စီးတီးအသင်းကပင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။ မန်စီးတီးအသင်းသည် အောက်တိုဘာလအစောပိုင်းက ဘရိုက်တန် အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲမှ ပွဲထွက်လူစာရင်းတန်ဖိုးမှာ ပေါင် ၆၂၅ သန်း အထိ တန်ကြေးရှိခဲ့ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ အဆိုပါစာရင်းတွင် မန်ယူအသင်းက PSG ကိုကျော်ဖြတ်ကာ ဒုတိယနေရာတွင် ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းမှာလည်း လီဗာပူးလ်အထက် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments