Saturday, February 7, 2026
spot_img
spot_img

ကစားသမားများနှင့် ဘုတ်အဖွဲ့ကိုဝေဖန်ခဲ့သောကြောင့် စပါးအသင်းနည်းပြရာထူးမှ ကွန်တီ ထုတ်ပယ်ခံရရန် နီးစပ်နေ

စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီသည် ဆောက်သမ်တန်အသင်းနှင့် သရေကျသည့်ပွဲအပြီးတွင် ကစားသမားများနှင့် ဘုတ်အဖွဲ့ကို ဝေဖန်ခဲ့သောကြောင့် ရာသီမကုန်ခင်မှာပင် ရာထူးမှထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

စပါးအသင်းသည် စနေနေ့က ဆောက်သမ်တန်အသင်းနှင့်ကစားသည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ၇၄ မိနစ်အထိ (၁-၃) ဂိုးဖြင့် ဦးဆောင်ထားနိုင်သော်လည်း လက်ကျန်မိနစ်များတွင် ချေပဂိုးနှစ်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရသောကြောင့် သရေလဒ်သာ ရရှိခဲ့သည်။

ယင်းပွဲအပြီးတွင် ကွန်တီက မိမိတို့အသင်းမှာ တစ်ကိုယ်ကောင်းဆန်သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ FA ဖလားနှင့် ချန်ပီယံလိဂ်ရှုံးနိမ့်မှုများအတွက် ကစားသမားများထံတွင် တာဝန်ယူလိုသည့်ပုံစံ မမြင်တွေ့ရကြောင်း၊ အပြုသဘောမဆောင်သည့် အခြေအနေနှင့် တစ်ကိုယ်ကောင်းဆန်သည့် အခြေအနေများသာ မြင်တွေ့နေရကြောင်း၊ မိမိအပါအဝင် နည်းပြအဖွဲ့များက တိုးတက်မည့်နည်းလမ်းကို နေ့စဉ်ကြိုးစားရှာဖွေနေသော်လည်း နောက်ကွယ်ရှိ မည်သူကမျှ စိတ်မဝင်စားကြောင်း၊ ယခုအချိန်မှာ မိမိအပြင် နည်းပြအဖွဲ့ဝင်များနှင့် ကလပ်အသင်းအနေဖြင့် ကိုယ့်တာဝန်ကိုယ်ယူရမည်ဖြစ်ပြီး ကစားသမားများကိုယ်တိုင်လည်း ပါဝင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ကွန်တီ(၅၃ နှစ်)၏စာချုပ်မှာ ရာသီကုန်တွင် ပြီးဆုံးမည်ဖြစ်သော်လည်း စာချုပ်မကုန်မီ လမ်းခွဲရရန် နီးစပ်နေပြီး ကစားသမားများက နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည်ခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments