ရီးယဲလ်အသင်းသည် မန်စီးတီးအသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်းကို ၂၀၂၄ ခုနှစ်တွင် ခေါ်ယူရန် ရည်မှန်းထားကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် အသက်အရွယ်ရလာပြီဖြစ်သည့် ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ၏နေရာကို အစားထိုးရန် တိုက်စစ်မှူးသစ် ရှာဖွေလျက်ရှိသည်။

ရီးယဲလ်အသင်းသည် ကနဦးက ဘန်ဇီမာနေရာအစားထိုးရန် PSG အသင်းမှ ဘာပေကို ဦးစားပေးပစ်မှတ်အဖြစ် ကြိုးစားခဲ့သော်လည်း ယခုအခါ ဟော်လန်းကို ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။
ဟော်လန်းကလည်း ၎င်း၏ ကစားသမားဘဝကို လာလီဂါတွင် ဖြတ်သန်းသွားရန် ရည်မှန်းထားကြောင်း သိရသည်။

ဟော်လန်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသော်လည်း ပရီးမီးယားလိဂ်တွင် (၂) နှစ်သာ ကစားရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။
ဟော်လန်းသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲတွင် (၄၂) ဂိုး သွင်းယူထားသည်။






