Thursday, October 23, 2025
spot_img
spot_img

ဦးစားပေးပစ်မှတ်များ လွဲချော်ပြီးနောက် ဖလားသုံးလုံးရယူပေးခဲ့သည့် နည်းပြဟောင်း ဟန်ဆီဖလစ်ခ် ဘိုင်ယန်နည်းပြသစ်အဖြစ် ရေပန်းအစားဆုံးဖြစ်လာ

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြသစ်ရှာဖွေမှုတွင် ဦးစားပေးပစ်မှတ်များ လွဲချော်ပြီးနောက် အသင်းနည်းပြသစ်အဖြစ် ဖလားသုံးလုံး ရယူပေးခဲ့ဖူးသည့် ဟန်ဆီဖလစ်ခ်က တစ်ကျော့ပြန်ကိုင်တွယ်ရန် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။

ဘိုင်ယန်အသင်းသည် ယခုရာသီကုန်တွင် တူဟယ်လ်နှင့် လမ်းခွဲပြီးနောက် နည်းပြသစ်အဖြစ် လေဗာကူဆင်အသင်းနည်းပြ အလွန်ဆို၊ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ နာဂယ်စ်မန်းနှင့် သြစတြီးယားလက်ရွေးစင်အသင်းနည်းပြ ရန်းညက်တို့ကို ချဉ်းကပ်ခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် နည်းပြသစ်ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေရခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်သည် ဘိုင်ယန်အသင်းကို တစ်ရာသီအတွင်း သမိုင်းဝင် ဖလားသုံးလုံး ရယူပေးခဲ့ပြီး ၂၀၁၉ မှ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဆုဖလား ခုနစ်လုံး ရယူပေးခဲ့ကာ ယင်းထဲမှ ခြောက်လုံးမှာ ၂၀၂၀ ပြည့်နှစ်အတွင်း ရရှိခဲ့ကြောင်း သိရသည်။

သူ၏ဘိုင်ယန်နည်းပြဘဝ နိုင်ပွဲရာခိုင်နှုန်းမှာလည်း (၈၁.၄) ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ဟန်ဆီဖလစ်ခ်သည် ၂၀၂၃ စက်တင်ဘာလတွင် ဂျာမနီအသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည်။

လောင်းကစားဒိုင်များ၏အလေးပေးချက်တွင် ၁၁း၄ လေးဖြင့် ဦးဆောင်နေပြီး ဘရိုက်တန်အသင်းတွင် ဆက်နေမည်ဟု ပြောကြားထားသည့် ဒီဇယ်ဘီက ရး၂ လေးဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

အသင်းလက်မဲ့ဖြစ်နေပြီး ဘိုင်ယန်နှင့် သတင်းများကို ငြင်းဆန်ထားသည့် ဇီဒန်းက ၉း၁ လေး၊ ဘင်ဖီကာအသင်း၏ ဂျာမန်လူမျိုးနည်းပြ ရော်ဂျာရှမစ်က ၁၁း၁ လေး၊ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က ၁၂း၁ လေးဖြင့် အသီးသီးရှိနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments