နာပိုလီ – ဆမ်ဒိုးရီးယား (တနင်္ဂနွေည ၁၁း၀၀ နာရီ)
နာပိုလီက အဝေးကွင်းရလဒ်ပိုင်း ကျဆင်းနေပေမဲ့ အိမ် ကွင်းနိုင်ပွဲတွေ ရယူနေတဲ့ အသင်းပါ။ ဒါပေမဲ့ ခွာရတ်စကယ်လီ ယာ၊ အိုဆင်မန်တို့လို ကစားသမားတွေ ပွဲထွက်လာပါ့မလားဆို တာကိုတော့ စဉ်းစားရမယ်။ ဆမ်ဒိုးရီးယားက ဆိုးရွားမှုတွေများ လွန်းတဲ့ အသင်းပါ။ နာပိုလီ ဂိုးပြတ်နိုင်ပွဲနဲ့ ရာသီပိတ်လိမ့်မယ်။
အတ္တလန်တာ – မွန်ဇာ (တနင်္လာနံနက် ၁း၃၀ နာရီ)

အတ္တလန်တာက ယူရိုပါလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက် အနိုင်ကစားဖို့ လိုအပ်နေတယ်။ ဒါပေမဲ့ မွန်ဇာရဲ့ လက်ရှိခြေစွမ်း ကြောင့် လွယ်ကူဖို့တော့ မရှိပါဘူး။ မွန်ဇာက နောက်ဆုံးပွဲမှာ လက်ချီကို ရှုံးခဲ့ပေမဲ့ ကစားပုံမညံ့ခဲ့ပါဘူး။ နာပိုလီ၊ အင်တာမီလန် တို့လို အသင်းတွေကို အနိုင်ကစားခဲ့တဲ့ မွန်ဇာအသင်းကို အတ္တ လန်တာ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ရှိတယ်။ သရေကျသွားနိုင်တဲ့ ပွဲမျိုးပါပဲ။
ရိုးမား – စပီဇီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး ကစားရမယ့်ပွဲမှာ ရိုးမားအသင်း အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပွဲထွက်လာမလဲဆိုတာ စောင့်ကြည့် ချင်စရာဖြစ်တယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြေက ဒီပွဲကို အများ ကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ စပီဇီယာကလည်း အမှားခံ လို့မရတဲ့ အခြေအနေဖြစ်ပြီး ဗီရိုနာသာ အမှတ်ရခဲ့ရင် သူတို့အ တွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ နောက် ဆုံးကစားခဲ့တဲ့ပွဲမှာ တိုရီနိုကို ဂိုးပြတ်ရှုံးခဲ့တာက စပီဇီယာ အ တွက် စိတ်ပျက်စရာပါပဲ။ ရိုးမားသာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ရင် တော့ စပီဇီယာ အမှတ်ရလိမ့်မယ်။
လက်ချီ – ဘိုလော့ဂ်နာ (တနင်္လာနံနက် ၁း၃၀ နာရီ)

နောက်ဆုံးပွဲမှာ မွန်ဇာကို အနိုင်ကစားခဲ့လို့ လက်ချီအ သင်းအနေနဲ့ တန်းဆင်းအန္တရာယ်မရှိတော့ဘူး။ ဒါပေမဲ့ လက်ချီ ရဲ့ လက်ရှိပုံစံက သာမန်ထက်မပိုပါဘူး။ တိုက်စစ်ကစားပုံပို ကောင်းတဲ့ ဘိုလော့ဂ်နာကို ကြိုက်တယ်။
အေစီမီလန် – ဗီရိုနာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်သေချာသွားတဲ့ အေစီမီလန်အသင်း ဒီပွဲကို အားစိုက်ကစားပါ့မလားဆိုတာ သံသယဝင်စရာဖြစ်တယ်။ ဂျရူး၊ လီယာအိုတို့လို ကစားသမားတွေ ဂိုးပေါက်တွေ့နေပေမဲ့ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရဆဲလို့ပဲ အေစီမီလန်ကို ဆိုရမယ်။ နောက်ဆုံး (၂)ပွဲဆက် နိုင်ခဲ့ပေမဲ့ တန်းဆင်းအသင်း ဆမ်ဒိုးရီးယား၊ ရမှတ်လျှော့ပြစ်ဒဏ်နဲ့ အသင်းတွင်း ပြဿနာတွေများနေတဲ့ ဂျူဗင်တပ်စ်တို့နဲ့ ရင်ဆိုင်ခဲ့ရတာကို သတိပြုရပါမယ်။ ဗီရိုနာက တန်းမဆင်းရဖို့ ရမှတ်လိုအပ်ချက်တွေရှိနေတယ်။ ဆန်စီရိုမှာ ဗီရိုနာအသင်း ဖောင်ဖျက်တိုက်ပွဲဝင်လိမ့်မယ်။ ဗီရိုနာ အမှတ်ရနိုင်တယ်။
အူဒီးနီးစ် – ဂျူဗင်တပ်စ် (တနင်္လာနံနက် ၁း၃၀ နာရီ)

ဂျူဗင်တပ်စ်ရဲ့ အခြေအနေက ဆိုးဆိုးရွားရွားဖြစ်နေပြီး အသင်းတွင်း ပြဿနာတွေလည်း ပြည့်နှက်နေတယ်။ ဗလာဟို ဗစ် အနာဂတ် လှုပ်ခတ်နေသလို၊ ပွဲထွက်လာမယ့် မွိုက်စ်ကိန်း ကလည်း သာမန်ခြေထက်မပိုတဲ့ ကစားသမားလို့ ပြောရမယ်။ အူဒီးနီးစ်ကလည်း နောက်ဆုံး (၃)ပွဲဆက် ရှုံးထားတဲ့ အသင်းပါ။ ဒါပေမဲ့ ရာသီပိတ်အိမ်ကွင်းပွဲမှာတော့ ရလဒ်ကောင်းအောင် ကြိုးစားလိမ့်မယ်။ အူဒီးနီးစ်ကို ကြိုက်တယ်။






