Saturday, October 18, 2025
spot_img
spot_img

အားလပ်ရက် မယူဘဲ အာဆင်နယ် အသင်းနဲ့ အမြန်ဆုံး လာရောက် ပူးပေါင်းသွားမယ့် ဂန်းနား ကြယ်ပွင့်

အာဆင်နယ် အသင်း ဟာ ကစားသမားအများစုနဲ့ အတူ ရာသီကြို ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်​နေပြီ ဖြစ်ပြီး ဒီဲကြားထဲ နိုင်ငံ ပွဲတွေ ကစားထားရတဲ့ ကစားသမားတွေကိုတော့ အနားယူဖို့ အားလပ်ရက် ပေးထားပါတယ် ။ ဒါပေမယ့် အားလပ်ရက် မယူဘဲ အာဆင်နယ် အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်တွေကို အမြန်ဆုံး လာရောက် ပူးပေါင်းချင်နေသူလည်း ရှိပါတယ် ။

သူကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ အင်္ဂလန် ယူ၂၁ အသင်း နဲ့ အတူ ယူရို ယူ၂၁ ချန်ပီယံ ဖြစ်ထားတဲ့ စမစ်ရို ဖြစ်ပါတယ် ၊ စမစ်ရို ဟာ ယူရို ယူ၂၁ မှာ အင်္ဂလန် ယူ၂၁ အသင်း အတွက် ပွဲတိုင်းနီးပါး ကစားခဲ့ရပြီး သွင်းဂိုး ၂ ဂိုး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာတီတာဟာ နိုင်ငံပွဲ ကစားထားရတာကြောင့် စမစ်ရို ကို အားလပ်ရက်တိုးပေးပြီး ဒီလကုန်ခါနီးလောက်မှ အသင်း နဲ့ ပူးပေါင်းဖို့ ခွင့်ပြု ပေးခဲ့ပါတယ် ။ ဒါပေမဲ့ စမစ်ရို ဟာ အားလပ်ရက် မယူဘဲ ဒီအပတ်ကုန်မှာတင် အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ Football London ရဲ့ဖော်ပြချက် အရ သိရပါတယ် ။

အသက် ၂၂ နှစ်အရွယ် စမစ်ရို ဟာ အာဆင်နယ် အသင်း ဂျာမနီ ခရီးစဉ် ကနေ ပြန်ရောက်တာနှင့် တစ်ပြိုင်နက် အသင်း နဲ့ ပူးပေါင်းပြီး အမေရိကန် ခြေစမ်းပွဲ ခရီးစဉ် ကို လိုက်ပါသွားဖွယ် ရှိနေပါတယ် ။

စမစ်ရို ဟာ မကြာသေးခင်က ပြီးဆုံးသွားခဲ့တဲ့ ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာတွေကြောင့် အာဆင်နယ် အတွက် စုစုပေါင်း ၁၄ ပွဲသာ ကစား နိုင်ခဲ့တာ ဖြစ်ပါတယ် ။ဒါပေမယ့် စမစ်ရို ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာလည်း အရန် ကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပါတယ် ။

လာမယ့် ဘောလုံးရာသီမှာတော့ စမစ်ရို ဟာ အာဆင်နယ် အတွက် ကြီးမားတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ရမယ့် ကစားသမား ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ် ၊ နည်းပြ အာတီတာ ဟာ စမစ်ရို ရဲ့ တိုက်စစ် နေရာစုံမှာ ကစားနိုင်စွမ်း ရှိမှုကို အထူးနှစ်ခြိုက်နေတာ ဖြစ်ပါတယ် ။

စမစ်ရို ဟာ CM နေရာမှာ ၃၈ ပွဲ ၊ AM နေရာမှာ ၅၉ ပွဲ ၊ LM နေရာမှာ ၄၇ ပွဲ ၊ RM နေရာမှာ ၁၂ ပွဲ ၊ CF နေရာမှာ ၂ ပွဲ ကစားခဲ့တယ်လို့ now . arsenal ရဲ့ဖော်ပြချက် အရ သိရပါတယ် ။ အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စမစ်ရို ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ အာဆင်နယ် အသင်း ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၁၀ ဂိုးသွင်း ၊ ဂိုးဖန်တီးမှု ၂ ကြိမ် လုပ် နိုင်ခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments