Friday, January 16, 2026
spot_img
spot_img

အာဆင်နယ်ကိုမပြောင်းခင် ရီးရဲလ်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတာကို ရှင်းပြလိုက်တဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်က လန်ဒန်မြေကိုမပြောင်းခင် ရီးရဲလ်နဲ့ပတ်သက်ပြီး စိတ်ပျက်မိတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နော်ဝေသားဟာ ၂၀၁၅ တုန်းက ရီးရဲလ်အသင်းထံ အသက် ၁၆ နှစ်နဲ့ပြောင်းလာခဲ့တာဖြစ်ပြီး ဥရောပရဲ့ထွန်းတောက်လာမယ့်လူငယ်တစ်ဦးအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်အသင်းမှာ ထင်ထားသလိုဖြစ်မလာခဲ့ပဲ အငှားတွေနဲ့သာ အချိန်ကုန်ခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ၂၀၂၁ မှာ အာဆင်နယ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့ပါတယ်။

အာဆင်နယ်ကိုပြောင်းရွှေ့လာပြီးနောက် အိုဒီဂတ်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး အာတီတာရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်က ရီးရဲလ်အသင်းမှာ စိတ်ပျက်မိတဲ့အရာကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အာဆင်နယ်လူငယ်စတား နွမ်နီရီနဲ့အင်တာဗျူးမှာ အိုဒီဂတ်က “အဲ့တာက စိတ်ပျက်စရာပါ။ လူတိုင်းက ကျွန်တော့်ကို လူငယ်တစ်ဦး ၊ သာမန်ကစားသမားတစ်ဦးလို့ပဲ ထင်မြင်နေပါတယ်။ အဲ့လိုအသက်အရွယ်မှာ လူတွေက မြင်တာက သာမန်လို့ ကျွန်တော်ထင်ပါတယ်။

ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပွဲထွက်ခွင့်မိနစ်ပိုလိုအပ်ပါတယ်။ အဲ့အချိန်မှာ လူတွေအနေနဲ့ အသက်အရွယ်ကို မေ့ပြီး အရည်အချင်းကိုကြည့်ရပါမယ်။ သူတို့က အဲ့အချိန်ရောက်ရင် ခင်ဗျားအသက်အရွယ်ကို ဂရုမစိုက်တော့ပဲ အရည်အချင်းကိုပဲ အာရုံစိုက်ပါတယ်။

မက်ဒရစ်ကိုရောက်လာချိန်မှာ ကျွန်တော် စီနီယာအသင်းနဲ့လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။ အဲ့ဒီမှာ ရော်နယ်ဒို ၊ ဘန်ဇီးမား ၊ ဘေးလ်တို့ရှိနေပါတယ်။ အဝတ်လဲခန်းထဲလမ်းလျှောက်ချိန်မှာ သူတို့ရဲ့ကွင်းအတွင်းအရည်အချင်းအပြင် အရာအားလုံးမြင်ရပါတယ်။

တကယ့်ကို မယုံကြည်နိုင်စရာအခိုက်အတန့်ပါ”လို့ အိုဒီဂတ်က ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဝုဗ်ကို ၂-၀ နဲ့အနိုင်ရရှိခဲ့ပြီး လာမယ့်သြဂုတ်လ ၂၄ ရက်နေ့မှာ ဗီလာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments