Wednesday, October 1, 2025
spot_img
spot_img

အာဆင်နယ် အသင်း ကို ရှုံးနိမ့်ပြီးနောက် သူတို့ အသင်းဟာ ချန်ပီယံ ပြိုင်ပွဲထဲမှာ ရှိမနေတော့ကြောင်း ဝန်ခံလိုက်တဲ့ ကလောပ့်

လီဗာပူး အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးက အာဆင်နယ် အသင်း နဲ့ ၁၄ မှတ် အထိ ကွာဟ နေပြီ ဖြစ်ပါတယ် ။ လီဗာပူး နည်းပြ ကလောပ့် ကတော့ အခု အချိန်မှာ ချန်ပီယံဆု အကြောင်း ပြောနေရမယ့် အချိန်မဟုတ်ဘဲ ဒီလို ရလဒ်ဆိုးကြီးကနေ ရုန်းထွက်ဖို့ အရင်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

Super Sunday မှာ အာဆင်နယ် အသင်း ဟာ လီဗာပူး အသင်းကို အကြိတ်အနယ် ကစားပြီး သုံးဂိုး နှစ်ဂိုး ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ ဂန်းနားတို့ဟာ နိုင်ပွဲကြောင့် အမှတ်ပေး ဇယား ထိပ်ဆုံး ပြန်ရောက်လာခဲ့ပြီ ဖြစ်သလို လီဗာပူး အသင်းကိုလည်း ၁၄ မှတ် အထိ ဖြတ်ထား နိုင်ခဲ့ပါပြီ ။

အာဆင်နယ် အသင်းဟာ ပွဲစပြီး ၅၈ စက္ကန့်အကြာမှာပဲ မာတင်နယ်လီ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ပထမပိုင်းမှာ လီဗာပူး က ကစားပုံ ပိုမို ကောင်းမွန်ခဲ့ပြီး နူနက် က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ၊ ၁-၁ နဲ့ ပထမပိုင်းပြီးပြီလို့ ထင်မှတ်နေချိန်မှာ ဆာကာ က အာဆင်နယ် အတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ် အသင်းဟာ ပိုကောင်းနေခဲ့ပေမယ့် ဖာမီနို က ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အဆုံးသတ်ပြီး လီဗာပူး အတွက် ချေပဂိုး ထပ်သွင်းပေးခဲ့ပါတယ် ။အဲ့ဒီနောက် ဆာကာ ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် အာဆင်နယ် တို့ ထပ်မံ ဦးဆောင် နိုင်ခဲ့ပြီး ဒီတစ်ကြိမ်တော့ လီဗာပူး တို့ ပြန်မလိုက်နိုင်တော့ပါဘူး ။

ပွဲအပြီးမှာတော့ ကလောပ့် က ” ကျွန်တော်တို့ ချန်ပီယံ ပြိုင်ပွဲထဲမှာ ရှိမနေတော့ပါဘူး ။ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေအနေမျိုး နဲ့ ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ ဆိုတာက မလွယ်ကူပါဘူး ၊ ရိန်းဂျား နဲ့ ကစားခဲ့ရတယ် ၊ ဒီနေ့ အာဆင်နယ် နဲ့ ကစားရတယ် ၊ နောက်အပတ်ကျ မန်စီးတီး နဲ့ ကစားရပါဦးမယ် ၊ ဒီအသင်းတွေက ယုံကြည်မှု ပြန်လည် ရှာဖွေဖို့ အကောင်းဆုံး ပြိုင်ဘက်တွေလို့ ထင်သလား ၊ ကျွန်တော်ကတော့ မထင်ပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ရင်ဆိုင်ပီး တိုက်ခိုက် ရမှာပါပဲ ၊ အခု အခြေအနေကို ကျွန်တော်တို့ အားလုံး မပျော်ရွှင်နေပါဘူး ၊ မနှစ်ကဆို ကျွန်တော်တို့ ချန်ပီယံဆု နဲ့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေခဲ့ပါတယ် ၊ အသင်းက ဘယ်သူကမှ လက်ရှိ အခြေအနေကို သဘောမကျပါဘူး ။ ”

” ဒီလို အခြေအနေမှာ ခင်ဗျားတို့ အတွက် မေးစရာ မေးခွန်းတွေကတော့ အများကြီးပေါ့ဗျာ ၊ ဒါပေမယ့် ကျွန်တော့်ရဲ့ အဖြေကတော့ အထွေအထူး ပြောင်းလဲမှာ မဟုတ်ပါဘူး ။ အနိုင် ရနေရင်တော့ ပြောစရာတွေက ငါးသန်းလောက် ရှိနေနိုင်ပါတယ် ၊ဘယ်သူကတော့ သိပ်ကောင်းတယ် ၊ ဘယ်ဂိုးကတော့ ဘယ်လိုမိုက်တယ်ပေ့ါဗျာ ။ ”

” ရှုံးပွဲ အတွက် ကျွန်တော်တို့ အဖြေရှာသွားမှာပါ ၊ အသင်း ရှုံးပွဲ ကြုံရတာမျိုးက ဘယ်တော့မှ မကောင်းပါဘူး ၊ ကိုယ်လက်နဲ့ တည်ဆောက်ထားတဲ့ အရာကို ကိုယ်ကိုယ်တိုင် ဖျက်စီး သလို ဖြစ်နေတာမျိုးက အခြေအနေ မဟန်ပါဘူး ၊ ကျွန်​တော် တို့ ဒီနေ့ အဲ့ဒီလို လုပ်မိခဲ့ပါတယ် ။ အခုအချိန် ဟာသတွေ ပြောချင်စိတ် ပျော်ရွှင်ချင်စိတ် လုံးဝ မရှိပါဘူး ၊ ကျွန်တော်တို့ အခု ခက်ခဲတဲ့ အခိုက်အတန့်ကို ရောက်နေတယ် ၊ ဒီအခိုက်အတန့်ကို ကျော်ဖြတ်နိုင်ဖို့ အတူတကွ ကြိုးစား သွားရပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments