မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ယူနိုက်တက် အသင်း ပိုင်ရှင် ဖြစ်လာနိုင်ခြေရှိတဲ့သူတွေကို စျေးကွက်ထဲမှာ အပြောင််းအရွှေ့ လုပ်ဆောင်ရေးနဲ့ ပတ်သက်လို့ ဆီလျှော်တဲ့ နည််းဗျူဟာ ရှိဖို့ လိုအပ်ကြောင်း သတိပေးခဲ့လိုက်ပါတယ် ။
လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းကို ဝယ်ယူဖို့အတွက် Ineos Group ပိုင်ရှင် ရှိတ် ဂျာဆင် ဘင် ဟာမတ် အယ်လ် သာနီ နဲ့ ဗြိတိန် သူဌေးကြီး ဆာ ဂျင် ရတ်ကလစ်ဖ် တို့က ရှေ့ဆုံးကနေ ရေပန်းစား နေခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ ရှိတ် ဂျာဆင် ဝယ်ယူ ဖြစ်ခဲ့ပါက PSG အသင်းရဲ့ စူပါ စတား ဖြစ်သူ နေမာကို ခေါ်ယူလိမ့်မယ်လို့ သတင်းကြီးနေခဲ့ရပါတယ်။ ဒါပေမဲ့ တန်ဟတ်က ငွေသုံးကြမ်းပြီး အလုပ်မဖြစ်ခဲ့တဲ့ ချဲလ်ဆီး တို့ကို ဥပမာပေးရင်း ငွေသုံးမှန်ဖို့ လိုအပ်ကြောင်း သတိပေးလိုက်ပါတယ် ။
” လက်ရှိ အချိန်မှာ ကစားသမားကောင်း နဲ့ နည်းပြကောင််းတွေကို အသင်းတိုင်းက လိုချင်ကြပါတယ် ။ ဒီအတွက် လိုနေတာက ငွေကြေးပါပဲ ။ အထူးသဖြင့် UK မှာပေါ့ဗျာ ။ အဲ့တာက ခမ်းနားတဲ့ ပြိုင်ဆိုင်မှု တစ်ခုကို ဖြစ်စေနိုင်ပါတယ် ။ ပြီးတော့ ခက်ခဲတဲ့ ယှဥ်ပြိုင်မှုပါ ဖြစ်စေပါတယ် ”
” ခင်ဗျားအနေနဲ့ မှန်ကန်တဲ့ အရာကို လုပ်ဖို့ လိုပါတယ် ။ ခင်ဗျား သုံးစွဲဖို့ ငွေက ရှိနိုင်ပါတယ် ။ ဒါပေမဲ့ အဲ့တာတွေကို စမတ်ကျကျ သုံးစွဲနိုင်ဖို့ အတွက်တော့ ခင်ဗျားတို့ဆီမှာ နည်းဗျူဟာကောင်း တစ်ခု ရှိနေဖို့လည်း လိုပါတယ် ။ မဟုတ်ရင် ငွေသုံးပြီး အလုပ်ဖြစ်မှာ မဟုတ်ပါဘူး ”

” ခင်ဗျားမှာ နည်းဗျူးဟာမရှိရင် ၊ နည်းဗျူဟာမမှန်ရင် ငွေသုံးလည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး ။ အခု ပရီးမီးယားလိဂ်မှာ တောင့်တင်းတဲ့အသင်းတွေ အများကြီးပဲ ရှိနေပါတယ် ။ အက်စတွန် ဗီလာ ၊ ဘရိုက်တန် ၊ ဘရန့်ဖို့ဒ် အပါအဝင်ပေါ့ဗျာ ”
” ဒါ့အပြင် နောက်ထပ် တောင့်တင်းတဲ့ အသင်း အများကြီး ရှိနေပါတယ် ။ ထိပ်သီး 6 သင်းလောက်ပဲ တောင့်တင််းနေတာမျိုး မဟုတ်ပါဘူး ။ ကျွန်တော်ကတော့ ပါစင်နယ််လတီကောင်းပြီး မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ကစားပေးနိုင်တဲ့ ထူးချွန်တဲ့ ကစားသမားတွေကို လိုချင်ပါတယ် ”
” ဒီအတွက် ကျွန်တော်တို့ သေချာလေး အလုပ်လုပ်ဖို့လိုပါတယ် ။ ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာရှ်ိနေတယ်လို့ ခံစားရပါတယ် ။ ဒါပေမဲ့ ဒီရာသီကနေ ကျွန််တော်တို့ လေ့လာသင်ယူမှုတွေ လုပ်ဆောင်ဖို့ လိုနေသေး ပါတယ် ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။






