Friday, March 13, 2026
spot_img
spot_img

အရည်အသွေးမြင့် ပြင်သစ်စတားကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ကိုနာတေး

လီဗာပူးနောက်ခံလူ အီဗရာဟီမာကိုနာတေးဟာ သူ့ရဲ့ ပြင်သစ် အသင်းဖော်ဖြစ်တဲ့ ကီဖရန်သူရမ်ကို အန်ဖီးထံ ပြောင်းရွေ့လာစေချင်နေပြီး နိစ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ ချက်ချင်း ခြေစွမ်းပြနိုင်ရန် အသင့် ဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။ ယာဂန်ကလော့ဟာ မက်အလစ္စတာကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူပြီးနောက် နောက်ထပ် ကွင်းလယ်လူ ၂ ဦး အားဖြည့်သွားဖို့ ပြင်ဆင်နေပြီး အသက် ၂၂ နှစ်အရွယ် သူရမ်ဟာ လီဗာပူးရဲ့ ထိပ်တန်းပစ်မှတ်တွေထဲမှာ ပါ၀င်နေပါတယ်။

ကိုနာတေးကတော့ သူ့ရဲ့ တစ်နိုင်ငံတည်းသား ဖြစ်သူ သူရမ်ကို အန်ဖီးထံ ပြောင်းရွေ့လာစေချင်နေပြီး အကယ်လို့များ ပြင်သစ် လူငယ်ကြယ်ပွင့်သာ လီဗာပူးကို ရောက်လာခဲ့မယ် ဆိုရင် သူ့ရဲ့ ညီလေးလို စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကိုနာတေးက “သူသာ လီဗာပူးကို ပြောင်းလာခဲ့မယ်ဆိုရင် ကျနော် သူ့အတွက် အရမ်း ပျော်ရွှင်မိမှာပါ။ ကျနော် လီဗာပူးမှာ သူ့ကို သေချာစောင့်ရှောက် ကူညီပေးသွားမှာပါ။ သူ့ရဲ့ ကစားသမား ဘ၀ တိုးတက်လာဖို့ သူဖြစ်ချင်တဲ့ ကစားသမား တစ်ဦး ဖြစ်လာဖို့အတွက် ကျနော် အစွမ်းကုန် လုပ်ပေးသွားမှာပါ။

ကီဖရန်သူရမ်ဟာ ကျနော့်ရဲ့ ညီလေးလိုပါပဲ။ သူဟာ ကျနော့်ရဲ့ မျက်စိရှေ့မှာပဲ ကြီးပျင်းလာခဲ့တာပါ။ သူဟာ ကောင်းမွန်တဲ့ performance တွေကို ပြသကာ level တစ်ခုထိ တိုးတက်လာခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပထမဦးဆုံး ရွေးချယ်ခံရပြီးနောက် ကျနော့် သူ့ကို လေ့ကျင့်ရေး အစီအစဉ်မှာ တွေ့ခဲ့ပါတယ်။ ကျနော် သူ့ရဲ့ အရွယ်အစား နဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကို တအံ့တသြ ဖြစ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကိုနာတေးက “ကျနော် လိုက်ပ်ဇစ်ကနေ လီဗာပူးကို ပြောင်းလာခဲ့တဲ့ အချိန်တုန်းက လူတော်တော်များများက သူ အဲဒီကို ပြောင်းဖို့ တအား စောနေသေးတယ် ၊ ဒါဟာ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုပြီး ပြောခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကျနော် ဒီလူတွေ အားလုံးကို မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အပြင်လူတွေရဲ့ ပြောစကားတွေကို နားမထောင်သင့်ပါဘူး။

သူသာ လီဗာပူးကို ပြောင်းလာခဲ့မယ်ဆိုရင် အလုပ်ကြိုးစားဖို့က သူ့အပေါ်ပဲ မူတည်ပါတယ်။ သူဟာ ငယ်ငယ်လေး ရှိပါသေးတယ်။ ဒါပေမယ့် သူ့ဆီမှာ တိုးတက်လာဖို့ အတွက် မယုံနိုင်စရာ အရည်အသွေးတွေ ရှိနေပြီးသားပါ။ ကျနော် သူ့ကို ယုံကြည်မှုရှိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments