Friday, March 13, 2026
spot_img
spot_img

အစဉ်အလာပျက်တဲ့ World Cup အဖွင့်ပွဲ ၊ နိုင်ငံအသင်းတွေရဲ့ ဒဏ်ရာသတင်းတွေ ၊ ကမ္ဘာ့ဖလားကြားက အပြောင်းအရွှေ့အကြောင်းတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ကာတာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဖွင့်ပွဲ အခမ်းအနားနဲ့ အဖွင့် ပွဲစဉ်တို့ကို မနေ့က ယှဉ်ပြိုင် ကစား သွားခဲ့ ပါတယ် ။

ဖွင့်ပွဲ အခမ်းအနားကို ကာတာ နိုင်ငံ Al Bayt အားကစားကွင်းကြီးထဲမှာ ပြုလုပ် သွားခဲ့ပြီး နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် မော်ဂန်ဖရီးမန်း ၊ တောင်ကိုရီးယား နာမည်ကျော် အဆိုတော်အဖွဲ့ BTS အဖွဲ့ဝင် Jung Kook တို့က ပါဝင် ဖျော်ဖြေ သွားခဲ့ကြပါတယ် ။

အက်ကွေဒေါ ပရိသတ်တွေ ကတော့ ပွဲချိန် အတွင်းမှာ “ငါတို့ကို ဘီယာပေး” လို့ အော်ဟစ် ခဲ့ကြတယ်လို့ သိရပါတယ် ။

အင်္ဂလန် အခြေစိုက် ဘီဘီစီ နဲ့ ITV တို့ ကတော့ ဒီ ဖွင့်ပွဲအခမ်းအနား ကို တိုက်ရိုက် ပြသခြင်း မပြုဘဲ ကာတာ ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ကြောင်း ပြသခဲ့ ပါတယ် ။ ဘီဘီစီ ရဲ့ သုံးသပ်တင်ဆက်သူ ဂယ်ရီ လိုင်နီကာ ကလည်း လူ့အခွင့်အရေး ကိစ္စကို ပြောဆို ဝေဖန်ခဲ့ ပါတယ် ။

အဖွင့်ပွဲ မှာတော့ အက်ကွေဒေါ ဟာ အိမ်ရှင် ကာတာ အသင်းကို ၂-၀ နဲ့ အနိုင် ကစားပြီး ကမ္ဘာ့ဖလား ကို စတင် ဖွင့်လှစ်ခဲ့ ပါတယ် ။ အက်ကွေဒေါ အတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး အန်နာ ဗလင်စီယာ က သွင်းယူပေး ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲ ရလဒ်ကြောင့် ကမ္ဘာ့ဖလား သမိုင်းမှာ အိမ်ရှင်အသင်းတွေ အဖွင့်ပွဲ မရှုံးဘူးတဲ့ မှတ်တမ်းတခု ကျိုးပျက် သွားခဲ့ရပါတယ် ။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမီရို လူကာကူ ဟာ ကြံ့ခိုင်မှု မပြည့်၀ သေးတာကြောင့် အသင်းရဲ့ ကမ္ဘာ့ဖလား အဖွင့် ၂ ပွဲ အထိ လွဲချော်ဖို့ ရှိတယ်လို့ ကြားသိရ ပါတယ် ။

ကနေဒါ ရဲ့ အဓိက ကစားသမား အယ်လ်ဖွန်ဆို ဒေဗီးစ် ကတော့ သူ့ရဲ့ ဒဏ်ရာ အခြေအနေ တိုးတက် ကောင်းမွန်နေပြီး ကမ္ဘာ့ဖလား အဖွင့်ပွဲ ကို ပါဝင် ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆို ခဲ့ ပါတယ် ။

အာဆင်နယ် ကြယ်ပွင့်လေး ဘူကာယို ဆာကာ ဟာ ဒီနေ့ ကစားမယ့် အင်္ဂလန် ရဲ့ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ် မှာ ပွဲထွက် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ကနဦးက ပါဝင်မယ်လို့ သတင်းကြီးနေတဲ့ ဖီးလ် ဖိုဒန် ကတော့ အရန်စာရင်းကနေ ပါဝင်မယ်လို့ သိရပါတယ် ။

လက်စတာ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ကတော့ မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာလည်း မပါဝင်ခဲ့ တာကြောင့် အီရန် နဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲကို လွဲဖို့ သေချာသွားခဲ့ပါပြီ ။

မန်ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီရယ် ဟာ မနေ့က လေ့ကျင့်ခန်း အစီအစဉ် မှာ ယူ-၁၈ ကစားသမား တယောက်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုကြောင့် ဒေါသထွက်ပြီး အချင်းများခဲ့တယ်လို့ သိရပါတယ် ။

နောက်ပိုင်း မှာတော့ နည်းပြ အဖွဲ့ရဲ့ ပြန်လည် ညှိနှိုင်းပေးမှုကြောင့် ၂ ဦး ၂ ဘက် ပြေလည်သွားခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ရိုးမား အသင်း ဒါရိုက်တာ ပင်တို က သူတို့ဟာ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဘယ်လို အစီအစဉ်မှ မရှိပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ကာ ရိုးမား နဲ့ ပေါ်တူဂီ တိုက်စစ်မှူးကြီး တို့အကြောင်းတွေဟာ ကောလဟာလ သက်သက် ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။

ရိုးမား နည်းပြ မော်ရင်ဟို နဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ် အပြီးမှာ နယ်သာလန် နောက်ခံလူ ကားစ်ဒရော့ ဟာ အသင်းနဲ့ လေ့ကျင့်မှု လာရောက် မပြုလုပ် တော့ဘဲ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ လုပ်ဆောင် သွားတော့မယ်လို့ သိရပါတယ် ။

ကမ္ဘာ့ဖလားကြောင့် အမျိုးသား ကလပ် အသင်း ပွဲတွေ ရပ်နားထားပေမယ့် အမျိုးသမီး ပွဲတွေကိုတော့ ဆက်လက် ကျင်းပခဲ့ ပါတယ် ။ အင်္ဂလန် ရဲ့ အမျိုးသမီး စူပါလိဂ် ပွဲစဉ်မှာတော့ ချဲလ်ဆီး လေဒီတွေဟာ တော့တင်ဟမ်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments