Wednesday, March 4, 2026
spot_img
spot_img

အင်တာမိုင်ယာမီအသင်းမှာ ကစားသမားဘဝ နောက်ဆုံးကလပ်ဖြစ်နိုင်ပြီး အရာအားလုံးအဆုံးသတ်မည့်အချိန်ကို အနည်းငယ်စိုးရွံ့မိကြောင်း မက်ဆီ ဖွင့်ဟ    

၀ါရင့်အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ ၎င်း၏နောက်ဆုံးကလပ်ဖြစ်နိုင်ပြီး အရာအားလုံး အဆုံးသတ်မည့်အချိန်ကို အနည်းငယ်စိုးရွံ့မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
   
ဇွန် (၂၄) ရက်တွင် အသက် (၃၇) နှစ်ပြည့်မည့် မက်ဆီသည် အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၅ ခုနှစ် အထိ စာချုပ်ကျန်ရှိနေသေးပြီး တစ်နှစ်သက်တမ်းတိုးနိုင်သည့် အချက်လည်း ထည့်သွင်းထားသည်။ 

ယင်းစာချုပ်ကို သက်တမ်းတိုးဖြစ်ပါက မက်ဆီအနေဖြင့် အင်တာမိုင်ယာမီအသင်း၌ အသက် (၃၉) နှစ်အထိ ဆက်ရှိနေမည်ဖြစ် သည်။


ESPN သတင်းဌာနနှင့်တွေ့ဆုံစဉ် မက်ဆီက “ဒီနေ့အချိန်အထိတော့ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်မယ်လို့ထင်တယ်။ ဘောလုံးလောကကို စွန့်ခွာဖို့ ကျွန်တော် အဆင်သင့်မဖြစ်သေးပါဘူး။ ဥရောပကနေ ဒီကိုလာဖို့က ခက်ခဲတဲ့ခြေလှမ်းတစ်ခုပါ။ ကမ္ဘာ့ချန်ပီယံဖြစ်ရခြင်းရဲ့အချက်က မတူကွဲပြားမှုတွေကို မြင်နိုင်စေဖို့ အထောက်အကူများစွာ ဖြစ်စေပါတယ်။ ကျွန်တော်က ဘောလုံး ကစားရတာကိုနှစ်သက်ပါတယ်။ နေ့စဉ်နေ့တိုင်း လေ့ကျင့်မှုလုပ်ရတာ၊ ပွဲကစားရတာကို ပျော်ရွှင်ပါတယ်။ အရာအားလုံး အဆုံးသတ်သွားမှာကို ကျွန်တော် နည်းနည်းတော့ စိုးရွံ့မိတယ်။ အဲဒါကြောင့် အရာအားလုံးကို ကျွန်တော် ပိုပြီးပျော်ရွှင်နေတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် သွားစရာက နည်းသထက်နည်းလာပြီဆိုတာကို သတိထားမိပါတယ်။ ဒီအသင်းမှာ ကောင်းမွန်တဲ့ အချိန်တွေ ကျွန်တော်ရထားပါတယ်။ အဲဒီအသေးစိတ်အချက်တွေကို ကျွန်တော်သဘောကျပါတယ်။ ကျွန်တော် ထပ်ပြီးမကစားနိုင်တော့တဲ့အခါကျရင် ဒါတွေကို သတိရနေမယ်ဆိုတာကို သိပါတယ်”ဟု ပြောကြားခဲ့သည်။

မက်ဆီသည် လက်ရှိအချိန်တွင် ကိုပါအမေရိကချန်ပီယံဆုကာကွယ်ရန် အာဂျင်တီးနားအသင်းနှင့်အတူ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ 

PSG အသင်းဖော်ဟောင်းဖြစ်သူ ဘာပေက ယူရိုပြိုင်ပွဲမှာ အလွန်ခက်ခဲပြီး ကမ္ဘာ့ဖလားပြိုင်ပွဲထက်ပင် ပိုခက်ခဲကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်က ပြောကြားထားရာ မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကမ္ဘာ့ချန်ပီယံအပါအဝင် အကောင်းဆုံးအသင်းများ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

“လူတိုင်းကတော့ ကိုယ့်ရဲ့ပြိုင်ပွဲကိုပဲ ဦးစားပေးကြတာပေါ့။ သေချာတာကတော့ ယူရိုပြိုင်ပွဲက အရမ်းအရေးကြီးပြီး အကောင်းဆုံးအသင်းတွေလည်း ရှိပါတယ်။ ဒါပေမဲ့ (ကမ္ဘာ့ဖလား)သုံးကြိမ်ချန်ပီယံ အာဂျင်တီးနား၊ ငါးကြိမ်ချန်ပီယံ ဘရာဇီးလ်၊ နှစ်ကြိမ်ချန်ပီယံ ဥရုဂွေးတို့တော့ မပါပါဘူး။ အခက်ခဲဆုံးပြိုင်ပွဲဆိုပြီး ပြောဖို့ ကမ္ဘာ့ချန်ပီယံအသင်းတွေ အများကြီးကျန်ပါသေးတယ်။ အဲဒါကြောင့် လူတိုင်းက အဲဒီပြိုင်ပွဲ (ကမ္ဘာ့ဖလား)မှာ ချန်ပီယံ ဖြစ်ချင်ကြတာပါ”ဟု ၎င်းက ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments