Wednesday, March 4, 2026
spot_img
spot_img

အက်စ်တွန် ဗီလာနဲ့ သတင်းတွေ ထွက်နေတဲ့ကြားက သူ့ရဲ့ အနာဂတ် အကြောင်း တုန့်ပြန် ဖြေကြားလာတဲ့ ကော်နာ ဂေါ်လဂါ

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း ပရီးမီးယားလိဂ် ကလပ် တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ် ။ အထူးသဖြင့် လာမယ့် ဘောလုံးရာသီ ချန်ပီယံလိဂ် ကစားခွင့် ရရှိထားတဲ့ အက်စ်တွန် ဗီလာဟာ ၎င်းကို ခေါ်ယူဖို့ ချိတ်ဆက် မေးမြန်းမှုတွေ စတင်လုပ်နေပြီ ဖြစ်ပါတယ် ။
လက်ရှိမှာ ယူရို ၂၀၂၄ ပြိုင်ပွဲ ဆင်နွှဲဖို့ ဂျာမနီသို့ ရောက်ရှိနေတဲ့ ဂေါ်လဂါဟာ ချဲလ်ဆီးနဲ့ နောက်ဆုံးနှစ် စာချုပ်ထဲ ဝင်လာပြီ ဖြစ်သလို ၊ စာချုပ်သစ်လည်း ကမ်းလှမ်းမခံထားရလို့ ၊ ကလပ်ဖက်က ၎င်းကို အကျိုးအမြတ် ရနိုင်တဲ့ အခြေအနေမှာ အမြန်ဆုံး ထုတ်ရောင်းလိုနေတာ ဖြစ်ပါတယ် ။
မနေ့က အင်္ဂလန်ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂေါ်လဂါက သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး ” လက်ရှိမှာ ကျွန်တော်ဟာ ချဲလ်ဆီး ကစားသမား တယောက် ဖြစ်နေဆဲပါ ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် အင်္ဂလန်နဲ့ ယူရို အကြောင်းပဲ စဉ်းစားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီ ပိတ်သိမ်းပြီးပြီးချင်း ရက်အနည်းငယ် အကြာမှာပဲ အာဂျင်တိုင်းသား လူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လမ်းခွဲကြောင်း ကြေညာခဲ့ပါတယ် ။ ၎င်းဟာ ဂေါ်လဂါကို အထူးတလည် နေရာပေးခဲ့သလို ၊ သူ့ရဲ့ ခြေစွမ်း တိုးတက်လာအောင်လည်း အဓိက ကူညီပေးခဲ့ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ဂေါ်လဂါ က ” ခင်ဗျားတို့လည်း ဒီအကြောင်း ပြောထားပြီးသားပါ ။ ကျွန်တော်ဟာ အင်္ဂလန် အတွက် အာရုံစိုက်နေတာမို့ ဒါက လက်ရှိမှာ အရေးကြီးဆုံး အရာပါပဲ ။ ကျွန်တော်နဲ့ ကျွန်တော့ နိုင်ငံအတွက် ဒီပြိုင်ပွဲကို ကျွန်တော် စတင်ချင်နေပါပြီ ။ ”
” ကျွန်တော်ဟာ ဒီရာသီမှာ ခရီးလမ်း အရှည်ကြီး လျှောက်လာခဲ့ရတာပါ ။ ပိုချက်တီနိုကို ကျွန်တော့ အတွက် သူ လုပ်ပေးခဲ့တဲ့ အရာတွေ အတွက် အများကြီး ချီးကျူးချင်ပါတယ် ။ သူဟာ ကျွန်တော့ကို တာဝန်ယူရမယ့် အရာတွေ အပ်နှင်းခဲ့ပြီး ၊ ချဲလ်ဆီးမှာ ယုံကြည်မှုတွေ ပေးခဲ့ပါတယ် ။ ”

” ကျွန်တော် ပြောခဲ့သလိုပဲ ၊ ဒါဟာ ကျွန်တော့ကို ဒီပြိုင်ပွဲအတွက် ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ် ။ အသင်းကို ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးဖို့ အရာရာ ကြိုးပမ်းသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အဆုံးမှာတော့ ဂေါ်လဂါက ပိုချက်တီနို ထွက်သွားခြင်း ၊ နည်းပြသစ် အန်ဇို မာရက်စ်ကာ ရောက်ရှိလာခြင်းနဲ့ ပတ်သက်ကာ အခုလို မှတ်ချက်ပေးလာပါတယ် ။

ဂေါ်လဂါ က ” သူဟာ ကျွန်တော့ အတွက် အများကြီး ကူညီပေးခဲ့တာကြောင့် သူ ထွက်ခွာတဲ့ အပေါ် သူနဲ့ သူ့နည်းပြအဖွဲ့ အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့မိပါတယ် ။ ဒါပေမယ့် မန်နေဂျာသစ် ရောက်လာတာနဲ့ ပတ်သက်ပြီး ကျွန်တော် အမှန်တကယ် စိတ်လှုပ်ရှားမိပါတယ် ။ ချဲလ်ဆီက လူတိုင်း သူနဲ့ အတူ အလုပ်လုပ်ဖို့ စိတ်လှုပ်ရှားနေကြပါတယ် ။ ”

” ဟုတ်ပါတယ် ။ သူ ( ပိုချက်တီနို ) ဟာ ကျွန်တော့ အပေါ်မှာ ကစားသမားတိုင်း အလိုရှိတဲ့ ယုံကြည်မှုတွေ ပုံအပ်ခဲ့ပါတယ် ။ အရိုးသားဆုံး ဝန်ခံရရင် မန်နေဂျာ တယောက်က ခင်ဗျားကို ဒီလိုမျိုး ချစ်ခြင်းမေတ္တာ အနည်းငယ် ပေးတဲ့အခါ ခင်ဗျားရဲ့ ကစားပုံက ပိုကောင်းလာတတ်ပါတယ် ။ အတိုချုံးပြောရရင်တော့ ဒါက ခင်ဗျားကို ယုံကြည်မှု ပေးတာပေါ့ဗျာ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments