Monday, November 10, 2025
spot_img
spot_img

ဟာဗက်စ်အတွက်သဘောတူညီမှုရရှိသွားဖြစ်ဖြစ်တဲ့ အာဆင်နယ်

ချဲလ်ဆီးအသင်း၏ ဂျာမန်လူမျိုးတိုက်စစ်မှူး ကိုင်းဟာဗက်ဇ်ကို ပေါင် ၆၇.၅ သန်းဖြင့်ခေါ်ယူခွင့်ရရှိရန် အာဆင်နယ်အသင်းသည် သဘောတူညီမှုရရှိသွားပြီဖြစ်သည်။ အာဆင်နယ်သည် ဟာဗက်စ်အတွက် ကနဦးပြောင်းရွှေ့ကြေးပေါင် ၆၂.၅ သန်းပေးချေရမည်ဖြစ်ပြီး ခြေစွမ်းခြေစပေါ်မူတည်၍ နောက်ထပ် ပေါင် ၅ သန်းထပ်ပေးရမည်ဖြစ်သည်။

အာဆင်နယ်သည် ဟာဗက်စ်နှင့်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိရန် ညှိနှိုင်းနေပြီး နှစ်ဘက်သဘောတူရန်လည်းနီးစပ်နေပြီ ဖြစ်သည်။ အာဆင်နယ်သည် ယခုနှစ်အပြောင်းအရွှေ့တွင် ဝက်စ်ဟမ်းမှ ဒက်ကလန်ရိုက်စ်နှင့် အိုင်းယက်စ်နောက်ခံလူ တင်ဘားတို့ကိုလည်း ခေါ်ယူခွင့်ရရန်နီးစပ်နေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments