ဟယ်ရီကိန်းအသင်းပြောင်းဖြစ်လျှင် ၎င်း၏နေရာတွင် ယူဗင်တပ်စ်အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်နှင့် အစားထိုးရန် စပါးအသင်းက ပစ်မှတ်ထားနေသည်။ ကိန်းကို ဘိုင်ယန်က ခေါ်ယူချင်နေပြီး ကိန်းကလည်း ဂျာမန်ချန်ပီယံကလပ်အသင်းသို့ ပြောင်းရွှေ့ရန်စိတ်အားထက်သန်နေကြောင်း သတင်းများထွက်ပေါ်လာသည်။
စပါးအသင်းအကြီးအကဲ လဗ်ဗီသည် ကိန်းကို အသင်းတွင်ဆက်ထိန်းထားနိုင်ရန်ကြိုးစားနေသော်လည်း အကယ်၍ အသင်းပြောင်းဖြစ်ပါကလည်း ကိန်းနေရာတွင် ဗလာဟိုဗစ်နှင့်အစားထိုးရန် စပါးက ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။ ဗလာဟိုဗစ်သည် ကိန်းနေရာတွင် အကောင်းဆုံးအစားထိုးနိုင်မည့် တိုက်စစ်မှူးမျိုးဖြစ်ကြောင်းလည်း စပါးအသင်းအုပ်ချုပ်သူများအဖွဲ့က ယူဆနေကြောင်း သတင်းများထွက်ပေါ်လာသည်။

ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေးပေါင် ၇၇ သန်းဖြင့်ကမ်းလှမ်းလျှင် ယူဗင်တပ်စ်အသင်းက ရောင်းထုတ်ဖွယ်ရှိကြောင်းလည်း သတင်းမျာက ဆက်လက်ဖော်ပြသည်။ အသက် ၂၃ နှစ်အရွယ်ရှိ ဗလာဟိုဗစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ယူဗင်တပ်စ်အတွက် ၁၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပြိး ချဲလ်ဆီးနှင့် ပီအက်စ်ဂျီအသင်းတို့ကလည်း ၎င်းကို ခေါ်ယူရန်စိတ်ဝင်စားနေသည်။