Wednesday, March 11, 2026
spot_img
spot_img

လီဗာပူးကိုလိုက်မီချင်တယ်ဆိုရင် အာဆင်နယ်အနေနဲ့ ပြီးပြည့်စုံရမယ်လို့ အာတီတာ ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတီတာက မိမိတို့အနေနဲ့ လီဗာပူးကို လိုက်မီချင်တယ်ဆိုရင် ပြီးပြည့်စုံရမယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း စီးတီးကို ဖိအားပေးနိုင်ခဲ့တာဖြစ်ပြီး ၂ ရာသီဆက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခုရာသီမှာလည်း ဆက်လက်ဖိအားပေးနိုင်ဖို့ ထင်ခဲ့ကြပေမယ့် လီဗာပူးက မထင်မှတ်ပဲ ဦးဆောင်နေတာဖြစ်ပြီး စီးတီးလည်း ခြေချော်နေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အခုလာမယ့်စနေနေ့မှာ လန်ဒန်ဒါဘီပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမှာဖြစ်ကာ ပြီးခဲ့တဲ့ပွဲတွေမှာ အနိုင်ရလဒ်ရယူထားနိုင်ခဲ့ပါတယ်။
တကယ်လို့ အာဆင်နယ်အနေနဲ့ ဝက်စ်ဟမ်းကိုအနိုင်ရခဲ့ရင် စီးတီး နဲ့ လီဗာပူးတို့ပွဲမတိုင်ခင် အဆင့် ၂ နေရာကို တက်ရောက်ထားနိုင်မှာဖြစ်ပါတယ်။
“သူတို့ (လီဗာပူး)က ဒီစွမ်းဆောင်ရည်အတိုင်းဆက်သွားမှာ သေချာပါတယ်။ ဒီရာသီမှာ သူတို့အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ကိုယ့်ကိုကိုယ် အာရုံစိုက်ရပါမယ်။

တည်ငြိမ်အောင် ထိန်းသိမ်းရမှာဖြစ်ပြီး အထူးသဖြင့် စွမ်းဆောင်ရည်ပိုင်းကိုပါ။ အဲ့တာက ကျွန်တော်တို့ကို အနိုင်ရလဒ်တွေပေးစွမ်းနိုင်မှာပါ။ ခရီးအရှည်ကြီး သွားရဦးမှာပါ။

Arsenal are under pressure in the game against Manchester City

အနိုင်ရလဒ်တွေက ကျွန်တော်တို့ခွန်အားတွေအပြင် ယုံကြည်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ ၂ ပွဲပြန်နိုင်လိုက်တာက ကောင်းပါတယ်။ အခုတော့ တည်ငြိမ်မှုအကြောင်းပြောရမှာပါ။

အရှိန်အဟုန်ကို ဆက်ထိန်းပြီး အနိုင်ရလဒ်ဖော်ဆောင်ရပါမယ်။ ၃ ရက်တိုင်းမှာ ပွဲကန်နေရပေမယ့် မနေ့က ဘာလုပ်ခဲ့လဲဆိုတာက ပြဿနာမဟုတ်ပါဘူး။ နောက်ရက်တွေ နဲ့ နောက်ပိုင်းစွမ်းဆောင်ရည်တွေက အဓိကပါ။
ပြိုင်ပွဲတစ်လျှောက်တည်ငြိမ်မှုကို ဆက်ထိန်းနိုင်ဖို့ လိုအပ်သလို ပြိုင်ဘက်တိုင်းက ရင်ဆိုင်ရတာခက်ခဲလာပါပြီ။ ဒါကြောင့် ကျွန်တော်တို့ မနက်ဖြန်မှာ ကြိုးစားဖို့ လိုအပ်ပါတယ်။

ကစားသမားကောင်းတွေပြန်လည်ပါဝင်လာတာက အသင်းရဲ့ရလဒ်ပိုင်းကို တည်ငြိမ်စေပါတယ်။ အဲ့တာက ပွဲကိုမတူညီတဲ့အဆင့်အတန်းဆီခေါ်ဆောင်သွားပါတယ်။

မာတင်ပါဝင်လာတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့သက်ရောက်မှုရှိစေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments