Wednesday, March 4, 2026
spot_img
spot_img

လာမယ့်နှစ်ကျရင် မန်စီးတီး အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်တော့မှာ မဟုတ်ဘူးလို့ ဟောကိန်းထုတ်လိုက်တဲ့ ဟာမီလ်တန်

ဖော်မြူလာဝမ်း ဂန္တဝင် တစ်ဦး ဖြစ်တဲ့ လီဝစ် ဟာမီလ်တန် က လာမယ့် ၂၀၂၄-၂၅ ဘောလုံး ရာသီမှာ မန်ချက်စတာ စီးတီး အသင်းဟာ သူတို့ရဲ့လေးနှစ်ဆက် ချန်ပီယံဘွဲ့ကို ကာကွယ် နိုင်တော့မှာ မဟုတ်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်း အသင်း ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးသော လေးနှစ်ဆက် ချန်ပီယံ ဖြစ်လာခဲ့ပါတယ် ။ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းဟာ နောက်ဆုံး ၇ နှစ်မှာ ချန်ပီယံဆုကို ၆ ကြိမ် ယူထားတဲ့ အထိ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လွှမ်းမိုး ထားခဲ့တာပါ ။

မန်စီးတီး အသင်းဟာ လာမယ့်နှစ်မှာလည်း ချန်ပီယံ ဖြစ်ဖို့ ရေပန်း အစားဆုံး အသင်း ဖြစ်နေဦးမှာ ဖြစ်ပေမယ့် ဟာမီလ်တန် က‌တော့ လာမယ့်နှစ်မှာ ချန်ပီယံ အသင်း အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ အင်စတာဂရမ်မှာ ပိုစ့်တင် သွားခဲ့တာပါ ။

အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်တဲ့ ဟာမီလ်တန် က သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ” ဒီအသင်း အတွက် သိပ်ကို ဂုဏ်ယူမိတယ်ဗျာ ။ လာမယ့်နှစ် ချန်ပီယံဆုကတော့ ငါတို့ အတွက်ပါပဲ ။ ” လို့ ရေးသား သွားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် ရာသီမှာ အမှတ် ၉၀ ကျော် ရဖို့ ရည်မှန်းထားပြီး ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ မတိုင်ခင် အပြောင်းအရွှေ့ကိစ္စတွေကို အပြီးသတ် သွားမှာ ဖြစ်တယ်လို့ The Independent ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments