ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြဖြစ်သူ ရွိုင်းဟော့ဒ်ဆန်သည် အသင်းနှင့် ၂၀၂၃- ၂၄ ရာသီကုန်အထိ စာချုပ်သစ်ချုပ်ဆိုပြီးနောက် လာမည့်ရာသီတွင် ထိပ်ဆုံး ၁၀ သင်း စာရင်းဝင်ရန် ပစ်မှတ်ထားနေကြောင်း ဝန်ခံခဲ့သည်။
အသက် ၇၅ နှစ်အရွယ်ရှိ ဟော့ဒ်ဆန် သည် ပြီးခဲ့သည့်မတ်လက ရာထူးမှထုတ်ပယ်ခံရသည့် ပက်ထရစ်ဗီယာရာ၏နေရာတွင် အစားထိုးတာဝန်ယူခဲ့ပြီး မူလစာချုပ်မှာ ရာသီကုန်အထိသာ ချုပ်ဆိုခဲ့သည်။

ပဲလေ့စ်အသင်းသည် သူ၏လက်ထက်တွင် ပဲလေ့စ်အသင်းကိုနိုင်ပွဲများရယူပေးယူပြီး တန်းဆင်းဇုန်အန္တရာယ်မှ လွတ်မြောက်စေခဲ့သလို အမှတ်ပေးဇယား၌လည်း ချယ်လ်ဆီးအထက် အဆင့် ၁၁ နေရာတွင် ရပ်တည်ခဲ့သည်။
ဟော့ဒ်ဆန်က အသင်းအနေဖြင့် အလွန်ကောင်းသောလူစာရင်းကို ပိုင်ဆိုင်ထားပြီး အလားအလာရှိသည့် လူငယ်များနှင့် အတွေ့အကြုံရင့်သူများကို ပိုင်ဆိုင်ထားခြင်းကြောင့် ထိပ်ဆုံး ၁၀ သင်းဝင်ရန် ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဟော့ဒ်ဆန်၏နည်းပြသက်တမ်းမှာ ၄၅ နှစ်ကျော်ရှိပြီး အင်တာမီလန်၊ လီဗာပူးလ်စသည့် ထိပ်သီးအသင်းများကိုလည်း ကိုင်တွယ်ခဲ့သည်။
