Wednesday, March 4, 2026
spot_img
spot_img

ရီးယဲလ်မက်ဒရစ်ကို ငြင်းပယ်ပြီး လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ရန် PSG တိုက်စစ်မှူး ဘာပေအား အာဆင်နယ်ဂန္ထဝင် ပီရက်စ် တိုက်တွန်း

အာဆင်နယ်ဂန္ထဝင် ရောဘတ်ပီရက်စ်က PSG တိုက်စစ်မှူး ဘာပေအား စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကို ငြင်းပယ်ပြီး အင်္ဂလန်ထိပ်သီး လီဗာပူးလ်အသင်းထံသို့ ပြောင်း ရွှေ့ကစားရန် တိုက်တွန်းခဲ့သည်။

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် ဘာပေ (၂၅ နှစ်)သည် ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ခွင့်ရှိနေသည်။

လက်ရှိတွင် ဘာပေအား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး ကစားသမားကမူ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်မီ ၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး အသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ယခုအခါ အာဆင်နယ်ဂန္ထဝင် ပီရက်စ်က ဘာပေအား ရီးယဲလ်မက်ဒရစ်အသင်းကို ငြင်းပယ်ပြီး လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပီရက်စ်က “ဘာပေ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဘာပေအနေနဲ့ ရီးယဲလ်အသင်းကို ငြင်းနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကတော့ သူ့ ကို လီဗာပူးလ်မှာပဲ မြင်ချင်ပါတယ်။ လီဗာပူးလ်က ကြီးကျယ်ခမ်းနားတဲ့ ကလပ်ဖြစ်ပြီး မိသားစုလို နွေးထွေးသလို၊ စီမံကိန်းကောင်းကောင်းလည်း ရှိပါတယ်။ ဖိအားနည်းသလို၊ အရူးအမူးအားပေးကြတဲ့ ပရိသတ်တွေလည်း ရှိတယ်။ ဘာပေနဲ့ ဆာလာ တွဲဖက်ကစားမယ်ဆိုရင် အရမ်းကောင်းမှာသေချာပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments