Thursday, November 6, 2025
spot_img
spot_img

ရိုက်စ်အတွက် ဒုတိယအကြိမ် ကမ်းလှမ်းလိုက်တဲ့ သတင်း အပါအဝင် နောက်ဆုံးရ အာဆင်နယ် သတင်းများ

၁ ။ အာဆင်နယ် အသင်းဟာ ဒက်ကလန်ရိုက်စ် အတွက် ဝက်စ်ဟမ်း အသင်း ထံ ဒုတိယအကြိမ် ကမ်းလှမ်းမှု လုပ်လိုက်ပြီ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ဒီတစ်ကြိမ် ကမ်းလှမ်းမှု ဟာ ပေါင် ၉၁ သန်း + အပိုဆုကြေး ၁၀ သန်း ဖြစ်ပါတယ် ။ ဝက်စ်ဟမ်း ဘက်က လက်ခံ သလား ငြင်းပယ်လိုက်သလား ဆိုတာကိုတော့ မသိရသေးပါဘူး ။ မန်စီးတီးအသင်းက ရိုက်စ် ကို စိတ်ဝင်စား နေပေမယ့် အရမ်းကြီး မလိုအပ်တာ​ကြောင့် ကမ်းလှမ်းမှု ခုထက်ထိ မလုပ်ရသေးပါဘူး ။ ရိုက်စ်ကတော့ ခုချိန်ထိ အာဆင်နယ် ကို ပြောင်းချင်နေဆဲ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ် ။

၂ ။ အာဆင်နယ် နှင့် ဟာဗက်ဇ် တို့ကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ၉၀% အထိ ရရှိထားပါတယ် ၊ အာဆင်နယ် အသင်း ရဲ့ ကမ်းလှမ်းမှု ကို ကစားသမားရော အေးဂျင့်ပါ လက်ခံထားပြီး ဖြစ်ပါတယ် ။ ဟာဗက်ဇ် အနေနဲ့ အာဆင်နယ် ရဲ့တိုးတက်ပြောင်းလဲလာမှုကို မြင်တာကြောင့် ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး အာတီတာ ၊ ဂျော်ဂျင်ဟိုတို့နဲ့ တိုက်ရိုက် စကား ပြောထားပြီး ဖြစ်ပါတယ် ။

ကလပ် နှစ်သင်းကြား ဆွေးနွေးမှု ဆက်လုပ်နေဆဲပါ ၊အာဆင်နယ် ကတော့ အလျင်စလို မလုပ်ဘဲ တဆင့်ချင်း သဘောတူညီမှု ရအောင်လုပ်သွားမှာပါ ။ သတင်းတွေ အရတော့ ချဲလ်ဆီး အသင်းဟာ ဟာဗက်ဇ် အတွက် အပိုဆုကြေးတွေ အပါအဝင် ပေါင် သန်း ၆၀ ရရင် လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၃ ။ အာဆင်နယ် အသင်း စိတ်ဝင်စားနေတဲ့ ကတ်စတန်ညာ ကို ခေါ်ယူဖို့ ဘုန်းမောက် ၊ ဖူလ်ဟမ် ၊ ပဲလေစ့် တို့ကလည်း စိတ်ဝင်စား နေကြပါတယ် ။ အာဆင်နယ် အသင်းဟာ ကတ်စတန်ညာ ကို option အဖြစ် ထားထားပေမယ့် ပထမ ဦးစားပေး ပစ်မှတ်တော့ မဟုတ်ဘူးလို့ သိရပါတယ် ။

၄ ။ စီရီးအေ ကလပ် အင်တာမီလန် အသင်းဟာ ဇစ်ကို နေရာ အစားထိုးဖို့အတွက် အာဆင်နယ် အသင်းရဲ့တိုက်စစ်မှူး ဘာလိုဂန် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။ အင်တာမီလန် အသင်း ရဲ့ အားကစား ဒါရိုက်တာ ဟာ အခု လက်ရှိ မှာ လန်ဒန် ကို ရောက်နေပါတယ် ၊ ဘာလိုဂန် က အာဆင်နယ် အသင်းမှာ အဓိက တိုက်စစ်မှူးအဖြစ် ကစားချင်နေတာ ဖြစ်ကာ အသင်းဘက်က ဂျေးဇု ၊ အန်ကီတီးယား နှင့် ထရောဆက်ဒ် တို့ကို ကျော်ပြီး နေရာပေးဖို့ မဖြစ်နိုင်တာကြောင့် ရောင်းချဖို့ လမ်းဖွင့်ထားတာ ဖြစ်ပါတယ် ။ အာဆင်နယ် ကတော့ ဘာလိုဂန် အတွက် ပေါင် သန်း ၄၀ ဝန်းကျင် အလိုရှိနေပါတယ် ။

၅ ။ အာဆင်နယ် အသင်း ရဲ့ လူငယ် ကွင်းလယ်လူ မတ်စမစ် ဟာ အသင်းကနေ တရားဝင် ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ” ၁၆ နှစ်တာ ငယ်ဘဝ ကလပ် အသင်းမှာ ကစားခဲ့ပြီးတဲ့​နောက် ကျနော့်ရဲ့ ကစားသမား ဘဝ စာမျက်နှာသစ်ကို လျှောက်လှမ်းဖို့ အချိန် ရောက်လာခဲ့ပါပြီ ၊ ပရိသတ်တွေကိုတော့ ကြီးကျယ်ခမ်းနားတဲ့ ဒီကလပ်ကို ဆက်လက် အားပေးကြပါ ၊ အောင်မြင်မှုက လက်တကမ်းအလိုကို ရောက်နေပြီလို့ စကားပါးချင်ပါတယ် ” လို့ ရေးသား နှုတ်ဆက်သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments