Monday, October 20, 2025
spot_img
spot_img

ရိုက်စ် နှင့် တင်ဘာ အား ခေါ်ယူမှု ယခုသီတင်းပတ်တွင် အာဆင်နယ် အပြီးသတ်မည်

အာဆင်နယ်အသင်းသည် ယခုသီတင်းပတ်ကုန်တွင် ရာသီကြိုခရီးစဉ်အတွက် အမေရိကန်သို မသွားရောက်မီ သဘောတူညီချက်များကို အတည်ပြုနိုင်ရန် မျှော်လင့်လျက် ဒက်ကလန် ရိုက်စ် နှင့် ဂျာရီယန် တင်ဘာ တိုကို ယခုသီတင်းပတ်တွင် အပြီးသတ်ခေါ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

အာဆင်နယ်သည် ဝက်စ်ဟမ်းအသင်းမှ ရိုက်စ် ကို ခေါ်ယူရန် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းဖြင့် သဘောတူညီမှုရရှိခဲ့ပြီး အဆိုပါ စာချုပ်များကို အပြီးသတ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ဂျာရီယန် တင်ဘာ ကိုလည်း ယခုလာမည့် ကြာသပတေးနေ့ (13.7.23) ၌ FC Nurnberg နှင့် အာဆင်နယ်၏ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဝင်ကစားနိုင်ရန် အချိန်မီခေါ်ယူနိုင်မည်ဟု မျှော်လင့်ခြင်းဖြင့် ၎င်းနောက်ခံလူ၏ သဘောတူစာချုပ်ကိုလည်း မြန်မြန်ဆန်ဆန် ချုပ်ဆိုနိုင်မည်ဖြစ်သည်။ တင်ဘာ သည် အေဂျက်စ်မှ ပေါင် ၃၈ သန်းနှင့် ပြောင်းရွှေ့ရန် အာဆင်နယ်နှင့် ဆေးစစ်မှု ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

အာဆင်နယ်သည် ဘေယာလေဗာကူဆင်သို ပေါင် ၂၁.၅ သန်းဖြင့် ဂရန်းနစ် ဇာကာ ကို ပြောင်းရွှေ့စေခဲ့ခြင်းမှအစပြုကာ ရန်ပုံငွေပြန်လည်ဖြည့်တင်းရေးအတွက် ကစားသမားအချိုကို စတင်ရောင်းချနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments